close

ကချင်အမျိုးသားကွန်ဂရက်ပါတီ

close

June 22, 2022

KNC ဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လအပေါ် စစ်တပ်ကစွဲထားသည့်အမှု လွတ်မြောက်

ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လဟာ စစ်ကောင်စီတပ်က စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ (က) အမှုတခုကနေ ကွင်းလုံးကျွတ်လွတ်မြောက်ခဲ့တယ်လို့ သူ့ရဲ့ပါတီက ထုတ်ပြန်ပါတယ်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး သန်းထိုက်ကတရားလိုလုပ်ပြီး မြစ်ကြီးနားမြို့နယ် တရားရုံးမှာ ဒေါက်တာ အမ်ကောန်လကို တရားစွဲဆိုထားတဲ့အမှုကနေလွှတ်ပေးဖို့  စစ်ကောင်စီ တရားရုံးက ဇွန်လ ၂၂ ရက် ဒီနေ့ ဆုံးဖြတ်လိုက်တာပါ။

ဒေါက်တာအမ်ကောန်လကို ၂၀၂၁ ခုနှစ် ဩဂုတ်လက နေပြည်တော်မှာဖမ်းဆီးပြီး အခုနှစ် မတ်လမှာ ပုဒ်မ ၅၀၅-က နဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်ထားပါတယ်။

အဲဒီနောက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီးကလည်း မြစ်ကြီးနားမြို့ မြို့မရဲစခန်းမှာ ထပ်ပြီး အမှုဖွင့်ခဲ့တာကြောင့် မေလ ၉ ရက်နေ့က မြစ်ကြီးနားမြို့ အကျဉ်းထောင်ကို ရောက်လာခဲ့တာပါ။

13 mins Ago

August 26, 2021

ကချင်အမျိုးသားကွန်ဂရက်ပါတီဥက္ကဋ္ဌ ဖမ်းဆီးခံရ

ကချင်အမျိုးသားကွန်ဂရက် (KNC) ပါတီဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သြဂုတ် ၂၅ ရက် ညနေ ၄ နာရီလောက်က လာရောက် ဖမ်းဆီးပြီး ၅၀၅ က နဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။

ဒေါက်တာအမ်ကောန်လကို  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေပြည်တော်မှာ ဖမ်းဆီးသွား တာလို့ KNC ပါတီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ညနေပိုင်းမှာ ဖမ်းခံရတာပါ။ ၅၀၅-ကနဲ့ တရားစွဲတယ်လို့ ကြားပါတယ်။ သူနဲ့လည်း အဆက်အသွယ်မရသေးပါဘူး။" 

KNC ပါတီဟာ စစ်အာဏာသိမ်းပြီးနောက် ပြည်လည်ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အစည်းအဝေးဖိတ်ခေါ်မှုတွေကို မတက်ရောက်ဘဲ ငြင်းဆန်ထားတဲ့ပါတီ ဖြစ်ပါတယ်။

ဒေါက်တာအမ်ကောန်လသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးပါတီတချို့က ပါတီဝင်တွေနဲ့ ကချင်ပြည်သူ့နိုင်ငံရေးရှေ့ဆောင်အဖွဲ့ (KPPF) ကို ဖွဲ့စည်းခဲ့ပါတယ်။

ဓာတ်ပုံ- Dr.အမ်ကောန်လ FB

10 months Ago
Up