close

ကင်ဆာဆေး

close

July 1, 2021

မက္ကဆီကိုတွင် ကင်ဆာဆေးပြတ်လပ်မှုအပေါ် ဆန္ဒပြ

ကင်ဆာရောဂါရှင် ကလေးတွေရဲ့ မိဘတွေဟာ ပြည်သူ့ဆေးရုံတွေမှာ ကင်ဆာဆေးဝါး ပြတ်လပ်မှုကို မက္ကဆီကိုနိုင်ငံရဲ့ မြို့တော် မက္ကဆီကို စီးတီးရဲ့ လေဆိပ်နားက လမ်းတစ်လမ်းကို ဇွန် ၃၀ ရက်မှာ ပိတ်ဆို့ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

ဆေးဝါးပြတ်လပ်လို့ ဆန္ဒပြနေတဲ့ မိဘတွေဟာ မက္ကဆီကို အတိုက်အခံတွေနဲ့ ပတ်သက်နေတယ်လို့ မက္ကဆီကို လက်ထောက်ကျန်းမာရေးဝန်ကြီးက ပြောအပြီးမှာ ခုလို ဆန္ဒပြခဲ့ ကြတာပါ။

ဆေးဝါးပြတ်လပ်လို့ ဒါဇင်နဲ့ချီတဲ့ ကလေးတွေအတွက် ကင်ဆာကုထုံးတွေ နှောင့်နှေးနေတယ်လို့ ဒေသခံသတင်းတွေက ဆိုပါတယ်။

အဂတိလိုက်စားမှုနဲ့ ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချဖို့ ဆေးဝါးဝယ်ယူရေးကို ဗဟိုအုပ်စီးစနစ် ကျင့်သုံးနေတဲ့ သမ္မတ အန်ဒရေ မန်နျူရယ် လိုပက်ဇ် အိုဘရဒေါ အစိုးရဟာ ဆေးဝါးဝယ်ယူမှု ပုံစံကို လှန်လှော ပြင်ဆင်နေလို့ ခုလိုဖြစ်တာလို့လည်း ရိုက်တာသတင်းဌာနက ဆိုပါတယ်။

ဆေးဝါးပြတ်လပ်မှု ပြဿနာက အခြေအနေ ပိုကောင်းလာပြီလို့ သမ္မတက ဇွန်၂၉ ရက်မှာ ပြောထားပါတယ်။

ကလေးကင်ဆာ ရောဂါဟာ မက္ကဆီကိုနိုင်ငံက ကလေးတွေကြား ဒုတိယ အသေအပျောက် အများဆုံး အကြောင်းရင်းလို့ တရားဝင် ကိန်းဂဏန်းတွေက ဆိုပါတယ်။

 နှစ်စဉ် ပျမ်းမျှ ကလေး အယောက် ၇၅၀၀ လောက် ကင်ဆာ ရောဂါဖြစ်နေပြီး အယောက် ၂၃၀၀ လောက် သေဆုံးနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။  

5 mins Ago
Up