မြောက်ကိုရီးယားနိုင်ငံတည်ထောင်ခဲ့သူ ကင်အီလ်ဆွန်းရဲ့ ၁၁၀ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အကြို အနုပညာပြခန်းတခု ပြုံယမ်းမြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။
အိုကာယူ အမျိုးသားပြပွဲခန်းမမှာ ကျင်းပပြီး ပြခန်းမှာ ကွယ်လွန်သူ ခေါင်းဆောင်ကြီးပုံ ရေးဆွဲထားတဲ့ ဆီဆေးပန်းချီကားတွေ၊ သွားလာလှုပ်ရှားခဲ့တဲ့ ဓာတ်ပုံတွေနဲ့ တခြားအနုပညာ လက်ရာတွေကို ပြသထားတာပါ။
ပြခန်း လာရောက်ကြည့်ရှုသူတွေကိုလည်း နိုင်ငံပိုင် KCNA သတင်းဌာနက ရိုက်ကူးပြသခဲ့ပါတယ်။
လက်ရှိသမ္မတ ကင်ဂျုံအန်းရဲ့အဘိုး ကင်အီလ်ဆွန်းရဲ့ မွေးနေ့ ဧပြီ ၁၅ ရက်ကို မြောက်ကိုရီးယားမှာ ‘နေမင်းနေ့’လို့ ခေါ်ဝေါ်ပြီး တရားဝင်ရုံးပိတ်ရက် သတ်မှတ်ထားတာပါ။
ကင်အီလ်ဆွန်းက ၁၉၄၈ မှာ တိုင်းပြည် ထူထောင်ခဲ့ပြီး ၁၉၉၄ မှာ ကွယ်လွန်ခဲ့ပါတယ်။