close

ကင်းကြေး အဓမ္မငွေတောင်းခံ

close

January 1, 2022

ပုသိမ် ရပ်ကွက်အုပ်ချုပ်​ရေးအဖွဲ့က ကင်းကြေး အဓမ္မ​ငွေ​တောင်း​ခံနေ

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ရပ်ကွက်အလိုက် ညဘက် ကင်း​စောင့်ရမယ်ဆိုပြီး ရပ်ကွက်အုပ်ချုပ်​ရေးမှူးတွေနဲ့အဖွဲ့က ​ခြိမ်းခြောက်ငွေ​ကြေး​တောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုသိမ်မြို့၊ ၁၅ ရပ်ကွက် မီးရထားလမ်းဘေး မြက်တိုကွက်သစ်မှာ ရာအိမ်မှူးဦးချိုထွန်းက တစ်အိမ်နှစ်​သောင်း​ လိုက်​ကောက်ခံ​နေ​တယ်လို့ ဆိုပါတယ်။

အမှတ် ၁၅ ရပ်ကွက်​နေ ပြည်သူတစ်ဦးက​ “နယ်မြေမှူးလား၊ ရာအိမ်မှူးလား အဲ့အဖိုးကြီးက PDF လာမှာစိုးလို့ ညကင်းစောင့်ရမယ်ဆိုပြီး တအိမ်ကို ကင်းစောင့်ခ တလ နှစ်သောင်းလိုက်တောင်းနေတယ်။ ရပ်ကွက်ထဲက လူတွေ အဆင်မပြေလို့ မပြေကြောင်း ပြောပြန်တော့လည်း ဗိုလ်မှူး မင်းမင်းနဲ့တွေ့ရင် မချောင်ဘူးနော်ဆိုပြီး ရပ်ကွက်ထဲက ပြည်သူတွေကို စစ်–အားကိုးနဲ့ ခြိမ်းခြောက်နေပါတယ်” လို့ ပြောပါတယ်။

ပုသိမ်မြို့ပေါ်ရပ်ကွက်​တွေ​ကော ​ကျေးရွာ​တွေ၊ မြို့စွန့်ရပ်ကွက်​တွေမှာပါ တအိမ် နှစ်​သောင်းနှုန်း၊ ၁ သောင်းနဲ့ ​ထောင်ဂဏန်း​တောင်း​နေ​တယ်လို့ ပုသိမ်မြို့​ပေါ်ရပ်ကွက်​​နေသူတစ်ဦးက ပြောပါတယ်။

“​အောက်ဘက်ရပ်ကွက်​တွေ၊ ရွာ​တွေမှာ အတင်းအကျပ်ပုံစံမျိုး ပိုက်ဆံ​တောင်းတယ်။ အရင်လို လုပ်​​နေတာ၊ ​စောင့်မယ်သူလည်း မရှိဘူး” လို့ ပြောပါတယ်။

ပုသိမ်မြို့ရပ်ကွက်တွေမှာ ညဘက်ကင်း​စောင့်ဖို့ ဒီဇင်ဘာ ၂၅ ရက်​နောက်ပိုင်းကစ လုပ်လာတာဖြစ်ပြီး မြို့အဝင်အထွက်နဲ့ ​ရေလမ်းမှာပါ စစ်ကောင်စီတပ်က စစ်​ဆေးတာတွေ လုပ်​ဆောင်​နေ​တယ်လို့ သိရပါတယ်။

36 seconds Ago
Up