မကွေးတိုင်းပေါက်မြို့နယ်မှာ ဧပြီလ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ ကင်းမရွာနဲ့ ချောင်းဆုံရွာကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပေါက်မြို့နယ် ကင်းမကျေးရွာကို ဧပြီ ၁၈ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၂၀ လောက် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ကင်းမရွာသားတဦးက ဒီဗွီဘီပြောပါတယ်။
ကျောက်အိုးရွာဘက်ကနေ ဆင်းလာတဲ့ စစ်ကြောင်းဟာ ကင်းမရွာက အိမ်ခြေ ၂၀ လောက်ကို မီးရှို့ဖျက်ဆီးပြီး ညနေပိုင်မှာ ဒိန်းကွင်းရွာကိုဖြတ်ကာ ချောင်ဆုံကျေးရွာကိုလည်း ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ကြပြီး စစ်ဘေးရှောင်တွေနေထိုင်တဲ့ တောထဲက တဲတွေနဲ့ ဆန်ရိက္ခာတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြတယ်လို့ ဆိုပါတယ်။
ကင်းမရွာကို ၂၀၂၁ ခုနှစ် ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ဖျက်ဆီးလို့ နေအိမ် ၄၀၀ ကျော်လောက် မီးလောင်ဆုံးရှုံးထားတယ်လို့ ကင်းမရွာသား ပြောပါတယ်။
“ကင်းမရွာမှာက အိမ် ခြေ ၅၀၀ ကျော်လောက်ရှိတာဗျ။ ရွာမကြီးမှာ အိမ်ခြေ ၄၀၀ လောက်ကို စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးထားပြီး လက်ကျန်နေအိမ် ၃၀ လောက်ကျန်တာ၊ ရွာသစ်မှာ အိမ်ခြေ ၁၀၀ ဝန်းကျင်လောက်ကျန်တဲ့ထဲက အိမ်ခြေ ၂၀ လောက်ကို မီးရှို့ ဖျက်ဆီးသွားတာ။”
ကင်းမရွာက ဒေသခံပြည်သူတွေဟာ စစ်ကောင်စီစစ်ကြောင်းထိုးလာတဲ့အချိန်မှာ ဘေးလွတ်ရာတောထဲတွေကို ထွက်ပြေးတိမ်းရှောင် နေကြရပြီး မြေပြင်မှာ ဖြစ်သလို ဖျာခင်းပြီး နေနေကြရတယ်လို့ ဆိုပါတယ်။
“နေအိမ် ၃ ပင်အိမ်တစ်လုံး ဖြစ်မြောက်ဖို့ဆိုရင် အမျိုးသား ၄ ယောက်လောက် တောထဲမှာ သစ်ဝါး ရက်ပေါင်း ၂၀ လောက် ခုတ်ထစ်စုဆောင်းပြီးမှာ တည်ဆောက်ကြရတာ။ အိမ်ကြီးအိမ်ကောင်း တိုက်အိမ်တဆောင်ဖြစ်မြောက်ဖို့ဆိုရင် ၁၀ နှစ်ကျော်လောက် စုဆောင်းပြီးမှ တည်ဆောက်ကြရတာ။ ပြည်သူလူထုရဲ့ နေအိမ်တွေကို လူမဆန်စွာ မီးရှို့ဖျက်ဆီးတဲ့ စစ်ကောင်စီတပ် အမြန်ဆုံး ကျဆုံးရမယ်” လို့ ကင်းမရွာသားက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ချောင်းဆုံကျေးရွာကိုလည်း မနေ့ညက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး ထပ်မံမီးရှို့နေသလို ဒီကနေ့မနက်ပိုင်းမှာလည်း မီးရှို့နေတယ်လို့ ဒေသခံ PDF တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
“ချောင်းဆုံရွာမှာပဲ ရှိသေးတယ်၊ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်သံကြားရပြီး မီးတောက်တွေ မီးခိုးလုံးတွေ လှမ်းမြင်နေရတယ်။”
စစ်ကောင်စီတပ်တွေဟာ ပေါင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေ မရှိရင် PDF တွေ ရပ်တည်လို့ မရဘူးဆိုတဲ့ အတွေးနဲ့ တစ်ရွာဝင် တစ်ရွာထွက် မီးရှို့ ဖျက်ဆီးတာကြောင့် အိမ်ခြေ ၁၀၀၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ နဂိုစစ်ရှောင်စခန်းဆောက်ထားတဲ့ နေရာတွေမှာ နေထိုင်နေကြပြီး လောက်ငမှုမရှိတာကြောင့် သစ်ပင်အောက်တွေမှာ ဖျာ၊ မိုးကာခင်းပြီး နေထိုင်ကြရတဲ့သူတွေလည်းရှိတယ်လို့ ဒေသခံ PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ပေါက်မြို့နယ်ထဲမှာ စစ်ဘေးရှောင်နဲ့ မီးဘေးသင့် ပြည်သူ ၁၈,၀၀၀ ကျော်လောက်ရှိတဲ့အနက် ၁၀,၀၀၀ ကျော်လောက်ကတော့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကို ဆက်သွယ်လာလို့ နေရာထိုင်ခင်းစီစဥ်ပေးထားကာ နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်အကူညီ လိုအပ်နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၇ လကျော်အကြာ အကြမ်းဖက်စစ် တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၀၄၆ ယောက်ထိရှိပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၇၈၇၆ ယောက် ဖမ်းဆီးခံခဲ့ရကာ ၆၂၃၀ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၆၄ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူအရေအ တွက်ကတော့ ၁၉၈၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ သေ ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။
စက်တင်ဘာ ၄ ရက်မနက် ၄ နာရီဝန်းကျင်လောက်က စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ဖလံချိုင်ကျေးရွာမှ ဦးကံထွန်းကို အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါတယ်။ ဦးကံထွန်းဟာ ချောင်းဆုံကျေးရွာကို သွားချိန်မှာ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တိုးပြီး သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကာ သူ့ရဲ့ ရုပ်အလောင်းမှာ လက်၊ ဝမ်းဗိုက်နေရာတွေမှာ သေနတ်ဒဏ်ရာ၊ လည်ပင်းကို ဓားနဲ့ လှီး ဖြတ်ထားတဲ့ ဒဏ်ရာတွေ တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဇွန်လ ၁၅ ရက်နေ့က ရွာလုံးကျွတ်မီးရှို့ခံခဲ့ရတဲ့ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်က ကင်းမကျေးရွာကို အကြမ်းဖက်စစ်တပ်က ဩဂုတ် ၂၇ ရက်နေ့မှာ စတင်ဝင် ရောက်စီးနင်းခဲ့ပြီး ဩဂုတ် ၂၉ ရက်နေ့မှာ ကင်းမကျေးရွာသား ဦးညွန့်ဝေကို မီးရှို့သတ်ခဲ့ကြောင်း သိရှိရပါတယ်။
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ နံကပ်ကျွန်းကျေးရွာအုပ်စု၊ သရက်ပင်ကွက် ကျေးရွာမှာ နေထိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ မြို့နယ်အလုပ်အမှုဆောင် ဒေါ်ပြုံးကြည်နဲ့ ကျွန်းစုကျေးရွာမှာ နေထိုင်တဲ့ နံကပ်ကျွန်းကျေးရွာအုပ်စု NLD အလုပ်အမှုဆောင် မမိုးကြည်တို့ကို အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာ ၃ ရက်နေ့က ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီး က ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီး မေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေးအကြောင်းကြားဖို့ အသိ ပေးထားပါတယ်။