close

ကင်းလှည့် စစ်ကား

close

September 9, 2021

ဗားကရာလမ်းဆုံအနီး ကင်းလှည့် စစ်ကား ဗုံးပစ်ခံရ၊ ၂ ဦး သေဆုံး

ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်း၊ ဗားကရာလမ်းဆုံအနီးမှာ ကင်းလှည့်နေတဲ့  စစ်ကား တစ်စီးကို စက်တင်ဘာ ၉  ရက် ဒီကနေ့ ညနေ ၄ နာရီကျော်က ဗုံးပစ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သိရပါတယ်။

“ကင်းလှည့်နေတဲ့ ကားထဲကို ပစ်သွားတာ။ ၂ယောက်သေတယ် ကြားတယ်။ သွေးတွေ ထွက်နေတာ။ ထိခိုက်ဒဏ်ရာ ရသူလည်း ရှိတယ်။ အဲဒီနောက်မှာ သေနတ်သံတွေ တော်တော်ညံ သွားတယ်။ ဗုံးပစ်သွားတဲ့သူကိုတော့ မမိပါဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပေါက်ကွဲမှုအပြီး စမ်းချောင်းမြို့နယ်ထဲမှာ သေနတ်သံ ၁၄ ချက်ခန့်ကြား ရတယ်လို့ ဒေသခံတွေက  ဆိုပါတယ်။

“သေနတ်သံ ၁၄ ချက်လောက်ရှိမယ်။ ပထမ ဗားကရာဘက်က အရင်ကြားရတာ။ နောက်တော့ ဂွစျေးဘက် ပစ်သံပြန်ကြားတယ်။ ဗဟိုလမ်းမပေါ်မှာတော့ သေနတ်တကားကားနဲ့ ဟိုချိန်ဒီချိန်နဲ့ အော်သွားတာ။ သေနတ်သံကြားတော့ ပတ်ဝန်းကျင်က အိမ်တွေလည်း အကုန်တံခါးပိတ်ပြီး နေတာ။ ကျနော်တို့ဆိုလည်း တော်တော်လှန့်သွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပစ်ခတ်သံတွေနဲ့အတူ စစ်ကောင်စီတပ်က လမ်းတွေကို ပိတ်ဆို့ ရှာဖွေတာတွေ လုပ်ဆောင်ခဲ့ ပါတယ်လို့ သိရပါတယ်။

8 mins Ago
Up