close

ကင်းလှည့်

close

April 8, 2023

ထိုင်ဝမ်ရေလက်ကြားတွင် တရုတ်သင်္ဘောများ ကင်းလှည့်

တရုတ်နိုင်ငံက၊ ဖူကျန်းပြည်နယ်ရဲ့ ရေကြောင်းလုံခြုံရေးဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဟာ ထိုင်ဝမ် ရေလက်ကြားမှာ တရုတ်ကမ်းခြေစောင့်သင်္ဘောတွေ ကင်းလှည့်နေတဲ့ ဗီဒီယိုမှတ်တမ်းကို ဧပြီ ၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ 

ဧပြီ ၅ ရက်မှာ ထိုင်ဝမ်သမ္မတဖြစ်သူ ဆိုင်အင်ဝမ်က အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ကက်ဗင် မက်ကာသီနဲ့ တွေ့ဆုံခဲ့တဲ့အပေါ် တရုတ်ပြည်မကြီးဘက်က လက်တုံ့ပြန်တဲ့အနေနဲ့ ၃ ရက်ကြာ ကင်းလှည့်စစ်ဆေးမယ့် အထူးစစ်ဆင်ရေးရဲ့ ဒုတိယမြောက်နေ့လည်း ဖြစ်ပါတယ်။

ထိုင်ဝမ်ရေလက်ကြား အလယ်ပိုင်းက ပူးပေါင်းစစ်ဆင်ရေးအတွင်း ဟေ့ဆန်-၀၆ အမည်ရ ကင်းလှည့် ကယ်ဆယ်ရေး သင်္ဘောတစ်စီး ဦးဆောင်လာတဲ့ ရေကြောင်းဥပေဒစိုးမိုးမှုဆိုင်ရာ ရေယာဉ်စုကို  ဗီဒီယိုမှတ်တမ်းထဲမှာ ပြသထားပါတယ်။

တရုတ်အရှေ့တောင်ပိုင်းပြည်နယ်က အာဏာပိုင်တွေဟာ ဒီစစ်ဆင် ရေးအတွင်း ထိုင်ဝမ် ရေလက်ကြားရဲ့ မြောက်ပိုင်းနဲ့ အလယ်ပိုင်းနေရာတွေမှာ ကုန်တင်သင်္ဘောတွေ အပါအဝင် ဝမ်းပြားသင်္ဘောကြီးတွေကိုပါ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ 

သင်္ဘောသွားလာမှုဆိုင်ရာ ဘေးကင်းမှု အပြင် ရေပေါ်က အဓိကစီမံကိန်းကြီးတွေရဲ့ စနစ်တကျ လုပ်ငန်းလည်ပတ်မှုနဲ့ လုံခြုံရေး သေချာမှုရှိအောင် ရည်ရွယ်တာလို့လည်း ဆိုပါတယ်။

ဒီရေတပ်သင်္ဘောစုဟာ ထိုင်ဝမ်ရေလက်ကြားရဲ့ မြောက်ဘက်ရေပြင်မှာလည်း ဆက်လက် ကင်းလှည့်သွားမှာပါ။

ထိုင်ဝမ်ကို ပြည်မကြီးအနေနဲ့ ပိုင်ဆိုင်ကြောင်း တရုတ်နိုင်ငံဘက်က အခိုင်အမာပြောဆိုထားသလို ထိုင်ဝမ်ရေလက်ကြားဟာလည်း တရုတ်နိုင်ငံရဲ့ အချုပ်အချာ အာဏာပိုင် နယ်မြေဖြစ်တယ်လို့ ဆိုပါတယ်။ 

စစ်အေးကာလ ရန်လိုမှုမြင့်တက်ခဲ့ရာ ၁၉၅၄ ခုနှစ်မှာ အမေရိကန် ဗိုလ်ချုပ်ကြီးတစ်ဦး ရေးဆွဲခဲ့တဲ့ ကြားနေမျဉ်းအပေါ် တရုတ်နိုင်ငံဘက်က တရားဝင် အသိအမှတ်ပြုမှု မရှိပေမယ့် တရုတ်စစ်တပ်ကတော့ ဒီအပေါ်မှာ နှစ်ပေါင်းများစွာ လေးစားမှုရှိခဲ့ပါတယ်။

14 mins Ago

August 31, 2022

ဒလမြို့နယ်တွင် စစ်တပ်နှင့်အတူကင်းလှည့်နေသည့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ သမ္မတကမ်းခြေရပ်ကွက်မှာ စစ်တပ်နဲ့အတူကင်းလှည့်နေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ဩဂုတ် ၃၀ ရက် ည ၆ နာရီကျော်က သေနတ်နဲ့ ပစ်ခတ်ခံရပြီး တယောက်သေဆုံးကာ သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဒလမြို့နယ် သမ္မတကမ်းခြေရပ်ကွက် သမ္မတကမ်းခြေစျေးလမ်းမှာ ညပိုင်းက စစ်တပ်နဲ့ကင်းလှည့်ပြီး လက်ဖက်ရည်ဝင်သောက်နေစဥ် အမည်မသိ သေနတ်ကိုင်ဆောင်ထားသူ သုံးယောက်က  ဝင်ရောက်ပစ်ခဲ့တာလို့  ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

“စစ်တပ်ရယ်၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရယ် ကင်းလှည့်ပြန်လာပြီး  လက်ဖက်ရည်ဝင်သောက်တဲ့အချိန် အပစ်ခံရတာ တစ်ဦးသေတယ်။ သုံးဦးဒဏ်ရာရတယ်။ အပစ်ခံရတာ အုပ်ချုပ်ရေးထဲက လူတွေ၊  ရာအိမ်မှူးလား၊ ဆယ်အိမ်မှူးလားတော့ မသိဘူး။”

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ သမ္မတကမ်းခြေစျေးလမ်းအတွင်း လမ်းသွားလမ်းလာနဲ့ ကားတွေကိုပါစစ်ဆေးနေတယ်လို့  ရပ်ကွက်နေသူတွေက ပြောပါတယ်။

အဆိုပါ ပစ်ခတ်မှုကို ဘယ်သူက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ဘယ်အဖွဲ့ကမှ လတ်တလော သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ 

ပြီးခဲ့တဲ့ သြဂုတ် ၁၄ ရက် ညပိုင်းကလည်း ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ဆရာစံလမ်းရှိ ဟိန်းကို လက်ဖက်ရည်ဆိုင်မှာ  စစ်ကောင်စီသတင်းပေးလို့ နာမည်ထွက်နေတဲ့ လူမိုက် ခလေး(ခ) ကျော်ကျော်ဝင်းတို့အဖွဲ့ကို အမည်မသိသေနတ်ကိုင်ဆောင်သူတွေက ပစ်ခတ်ခဲ့လို့ သုံးယောက် ဒဏ်ရာရရှိခဲ့ပါ သေးတယ်။

7 months Ago
Up