close

ကင်းဝန်မင်းကြီးကျောင်းတိုက်

close

September 28, 2021

မန္တလေးမြို့ ကင်းဝန်မင်းကြီးကျောင်းတိုက်ကို စစ်ကောင်စီတပ်သားများ ဝင်ရောက်စီးနင်း

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၇ လမ်း နဲ့ ၃၈ လမ်းကြား၊ ၈၆ လမ်းနဲ့ ၈၇ လမ်းကြားက ကင်းဝန်မင်းကြီးကျောင်းတိုက်ကို စက်တင်ဘာလ ၂၈ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ဘယ်လိုအကြောင်းကြောင့်  ဝင်ရောက်စီးနင်းတယ်ဆိုတာ မသိရပေမယ့် လက်ထောက်ဆရာတော်ရဲ့ မော်တော်ကားကို ယူဆောင်သွားတယ်လို့ ကျောင်းတိုက်အနီးရှိ ပြည်သူတစ်ဦးက ပြောပါတယ်။

“ကျောင်းတိုက်ကို ဝင်စီးတာ နှစ်ခါ။ ပထမ တစ်ခါတော့ မသိဘူး။ ဒုတိယအကြိမ်က နေ့လယ်ပိုင်းကပဲ။ ဖမ်းတာဆီးတာတော့ အသေအချာမသိသေးဘူး။ လက်ထောက်ဆရာတော် ဦးပညာသီရိရဲ့ကားကို ယူသွားတယ်လို့တော့ သိရတယ်။ ဘာကြောင့် ဝင်စီးတယ် မသိရဘူး။”

မန္တလေးမြို့မှာ စစ်ကောင်စီတပ်သားတွေဟာ လှည့်လည်တာတွေ၊ ပိတ်ဆို့စစ်ဆေးတာတွေနဲ့ နေအိမ်တွေကို ဝင်ရောက်စီးနင်းတာတွေ လုပ်ဆောင်နေကြပါတယ်။

12 hours Ago
Up