close

ကစားသမားသစ်ခေါ်မည်

close

January 25, 2022

ကစားသမားသစ်ခေါ်မည်ဟု ရိုးမားနည်းပြ မော်ရင်ဟိုပြော

ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ  ကစားသမားသစ် ခေါ်ယူနိုင်ကြောင်း ရိုးမားအသင်းနည်းပြ မော်ရင်ဟို အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။

ရိုးမားအသင်းဟာ အခု ဇန်နဝါရီလမှာ ကစားသမားသစ် ခေါ်ယူတာ မရှိသေးပေမဲ့လည်း အပြောင်းအရွှေ့ မပိတ်သိမ်းမီ ဘာမဆိုဖြစ်နိုင်ကြောင်း မော်ရင်ဟိုက ပြောကြားခဲ့တာပါ။

အပြောင်းအရွှေ့က ဇန်နဝါရီ ၃၁ ရက်မှ ပိတ်မှာဖြစ်ပြီး သူ့အနေနဲ့ ကစားသမားသစ် ခေါ်မယ်၊ မခေါ်ဘူး ပြောလိုက်ရင် မှားသွားပါလိမ့်မယ်လို့  ဆိုပါတယ်။

1 min Ago
Up