close

ကစားသမား ၁၁ ဦး

close

March 14, 2023

ကန်တေ၊ မေဆန်မောင့်၊ ပူလီဆစ်တို့အပါအဝင် ကစားသမား ၁၁ ဦးနှင့် ချဲလ်ဆီးလမ်းခွဲမည်

ချဲလ်ဆီးအသင်းဟာ လာမယ့် နွေရာသီမှာ ကန်တေ၊ မေဆန်မောင့်၊ ပူလီဆစ်တို့ အပါအဝင်ကစားသမား ၁၁ ဦးအထိ အသင်းကနေ ရောင်းထုတ်သွားဖို့ရှိပါတယ်။

အဲဒီကစားသမား ၁၁ ဦးထဲက ၆ ဦးဟာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကစားသမားဖြစ်ပြီး ကန်တေ၊ အမ်ပါဒူ၊ ဘာကာရိုကို စတဲ့စားသမားတွေပါဝင်ပါတယ်။

ဒါ့အပြင် ဂိုးသမားနှစ်ဦးဖြစ်တဲ့ ဘက်တင်နယ်လီနဲ့ ဘက်တာတို့ဟာလည်း စာချုပ် သက်တမ်းကုန်တော့မှာပါ။

တခြားရောင်းထုတ်နိုင်တဲ့ ကစားသမားတွေက ကွင်းလယ်လူ ကိုဗာချစ်၊ အက်ဇ်ပီလီကွယ်တာ၊ ပူလီဆစ်၊ အူဘာမီယန်း၊ လော့တပ်စ်ချိခ်နဲ့ မေဆန်မောင့်တို့ဖြစ်တယ်လို့  The Athletic သတင်းမှာဖော်ပြပါတယ်။

ချဲလ်ဆီးဟာ အခုနှစ်ရာသီ အပြောင်းအရွှေ့နှစ်ခုမှာ ကစားသမားတွေအတွက်ပေါင် ၅၅၆ သန်း အထိ အသုံးပြုထားပါတယ်။ 

5 mins Ago
Up