ပွဲရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တဲ့ ဘရိုက်တန်နဲ့ ပွဲစဉ်မတိုင်ခင်မှာ မန်ယူနိုက်တက် ကစားသမား ၇ ယောက်သာ လေ့ကျင့်ခန်း ဆင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
မန်ယူအသင်းဟာ အဲဒီအခြေအနေကြောင့် စနေနေ့မှာကစားရမယ့် ဘရိုက်တန်နဲ့ပွဲစဉ်ကို ရွှေ့ဆိုင်းဖို့တောင်းဆိုခဲ့ပြီး ပရီးမီးယားလိဂ်က ရွှေ့ဆိုင်းပေးခဲ့တာပါ။
မန်ယူအသင်းဟာ ဒီဇင်ဘာ ၁၅ ရက်မှာ ကစားရမယ့် ဘရန့်ဖို့ဒ်နဲ့ အဝေးကွင်းပွဲစဉ်ကိုလည်း ၉ ဦးသာ ပွဲကစားနိုင်တဲ့အခြေအနေတွေကြောင့်ရွှေ့ဆိုင်းခဲ့ပြီးသားပါ။
ဘရိုက်တန်နဲ့ပွဲကိုလည်း ကစားသမား ၇ ယောက်သာ ကစားနိုင်တဲ့ အခြေအနေကြောင့် ထပ်မံပွဲရွှေ့ဆိုင်းခဲ့ရတာပါ။ မန်ယူအသင်းရဲ့လေ့ကျင့်ရေးကွင်းကိုလည်း ပြန်လည် ပိတ်သိမ်းခဲ့ရပါတယ်။
ပွဲကစားနိုင်တဲ့ ကစားသမား ၇ ဦးထဲမှာ ဒီဂီယာ၊ ရက်ရှ်ဖို့ဒ်၊ ဖရက်ဒ်နဲ့ အဲလက်စ်တဲလက်စ်တို့ ပါဝင်တယ်လို့ ဒေးလီးမေးလ်သတင်းက ဖော်ပြပါတယ်။