ထိုင်းတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ကော်ဖငန်းကျွန်းပေါ်မှာ မြန်မာအလုပ်သမား ၁ ဦးက လုပ်ဖော်ကိုင်ဘက်နဲ့ လာရောက်တားဆီးသူတွေကိုပါ ကတ်ကြေးနဲ့လိုက်ထိုးလို့ ၄ ဦး ဒဏ်ရာရသွားကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မတ်လ ၁၁ ရက် ညနေ ၂ နာရီခွဲလောက်က ကော်ဖငန်းမြို့ ချလုတ်လမ်ရပ်ကွက်ထဲရှိ ပင်မင်းဆိုင် တဆိုင်မှာအလုပ်လုပ်နေသူ အသက် ၃၂ နှစ်ရွယ်ရှိ အောင်ထွေးနိုင်ဆိုသူ မြန်မာလုပ်သား တဦးဟာ ဆိုင်ထဲက လုပ်ဖော်ကိုင်ဘက် အမျိုးသမီး ၂ ဦးကိုရော ကြားထဲက ဝင်ရောက်ဖျန်ဖြေရန်ကြိုးစားသူ အမျိုးသား ၂ ဦးကိုပါ ကတ်ကြေးနဲ့ လိုက်ထိုးပြီး ထွက်ပြေးသွားတာလို့ ဆိုပါတယ်။
စီစီကင်မရာထဲမှာ အမျိုးသမီး ၁ ဦး ရင်ဘတ်မှာသွေးထွက်ဒဏ်ရာတွေနဲ့ထွက်ပြေးလာပြီး အဆိုပါအမျိုးသမီးနောက်ကို ကျူးလွန်သူက နောက်ထပ်လိုက်ထိုးသလို သွားရောက်ဖျန် ဖြေဖို့ကြိုးစားတဲ့ အမျိုးသား ၁ ဦးကိုပါ အကြမ်းဖက်နေတာကို မြင်တွေ့ရပါတယ်။
မျက်မြင်သက်သေတွေပြောပြချက်အရ အောင်ထွေးနိုင်မှာ အဲဒီဆိုင်မှာအလုပ်လုပ်တဲ့ အသက် ၂၉ နှစ်ရွယ်ရှိ ဆုကန်ယာဆိုသူ ထိုင်းအမျိုးသမီးကို တဖက်သတ်ကြိုက်နေပြီး လက်ဆောင်ပစ္စည်းတွေမကြာခဏဝယ်ပေးကြောင်း၊ ဒါပေမဲ့ အမျိုးသမီးက ပြန် မကြိုက်လို့ စိတ်ဆိုးပြီး ဆုကန်ယာကိုရော သူ့သူငယ်ချင်းကိုပါ ကတ်ကြေးနဲ့ ထိုးကာ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေ ရောက်မလာခင် ရပ်ကွက်ထဲက ဒဏ်ရာရသူတွေကို ကော်ဖငန်းဆေးရုံ သို့ပို့ဆောင်ခဲ့ပြီး ပိုပြီးဒဏ်ရာပြင်းထန်သူတွေကိုတော့ ဆေးရုံက ကော်စမွီဆေးရုံကြီးကို ထပ်လွှဲပေးလိုက်တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ကော်ဖငန်းရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးရုံး၊ ရပ်ကွက်လူကြီးနဲ့ ရပ်ကွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျူးလွန်သူကို လိုက်လံရှာဖွေရာမှာ အဲဒီညမှာပဲ အ ခင်းဖြစ်ပွါးရာနေရာနဲ့ ၁၀ ကီလိုမီတာလောက်ဝေးတဲ့ တောင်ပေါ်မှာ ပုန်းနေတဲ့သူ့ကို ပိတ်ဆို့ပြီး ဖမ်းဆီးရမိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ကျူးလွန်တဲ့ မြန်မာအမျိုးသားကို ကော်ဖငန်းရဲစခန်းမှာ ထိန်းချုပ်ထားပြီး လူသတ်ရန်ကြံစည်မှုနဲ့ ဆက်လက်အရေးယူသွားမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
REF:MGR Online
ရန်ကုန်ြမို့၊ မြောက်ဥက္ကလာပမြို့နယ် အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်းမှာ ဒီကနေ့ သြဂုတ် ၉ ရက် နေ့လယ်ပိုင်းက ခုနှစ်တန်းကျောင်းသားအချင်းချင်း ရန်ဖြစ်ရာက ကတ်ကြေးနဲ့ထိုးမှု ဖြစ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မြောက်ဥက္ကလာပမြို့နယ် ၂ ရပ်ကွက်မှာရှိတဲ့ အထက ၄ ကျောင်းမှာ ဒီကနေ့ မွန်းတည့် ၁၂ နာရီက ကျောင်းသားချင်း ရန်ဖြစ်ရာက အသင့်ပါလာတဲ့ ကတ်ကြေးနဲ့ ထိုးခဲ့တာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ကျောင်းရှေ့မှာ စစ်သားတွေရော၊ ရဲတွေရော၊ လူနာတင်ယာဥ်တွေရော ရောက်နေလို့ သွားကြည့်တာ ကျောင်းသားတယောက် ဓားနဲ့ထိုးခံထားရတဲ့ ဒဏ်ရာတွေနဲ့ နောက်တယောက်ကို ရဲတွေက ခေါ်သွားတာ တွေ့တယ်။”
Grade 9 ကျောင်းသားနှစ်ဦး ကျောင်းမုန့်စားတန်းမှာ ရန်ဖြစ်ရာမှ ခံရသူက အသင့်ပါလာတဲ့ အရှည် ၇ လက်မလောက် ကတ်ကြေးနဲ့ ထိုးခဲ့တာလို့ အမည်မဖော်လိုသူ ပညာရေးဝန်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။
“အရင်ရက်တည်းက ဖြစ်နေကြတာနေမယ်။ မုန့်စျေးတန်းမှာထပ်ဖြစ်တော့ ကတ်ကြေးယူလာတဲ့ ကျောင်းသားက ထုတ်ပြီးထိုးတာ ငါးချက်လောက်ထိတယ်။”
ကတ်ကြေးနဲ့ အထိုးခံရတဲ့ ကျောင်းသားဟာ ကျောကုန်းမှာ ထိုးသွင်းဒဏ်ရာလေးချက်၊ နောက်စေ့ ပြတ်ရှဒဏ်ရာတချက်ရပြီး မြောက်ဥက္ကလာပဆေးရုံကြီးကို ပို့ဆောင်ထားရတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
လတ်တလောမှာ ကတ်ကြေးနဲ့ထိုးခဲ့သူ Grade 9 ကျောင်းသားကို ရဲတွေက မြောက်ဥက္ကလာပမြို့မရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။