close

ကတ်စတယ်လို

close

May 6, 2022

တရားမဝင်ကစားသမား အသုံးပြုခဲ့သည့် အီကွေဒေါကို ကမ္ဘာ့ဖလားမှထုတ်ပယ်ရန် ချီလီအသင်း တောင်းဆို

တောင်အမေရိကဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေမှာ တရားမဝင် ကစားသမား အသုံးပြုခဲ့တဲ့ အီကွေဒေါအသင်းကို ပြိုင်ပွဲကနေ ထုတ်ပယ်ဖို့ ချီလီအသင်းက တောင်းဆိုထားပါတယ်။

အီကွေဒေါအသင်းဟာ ခြေစစ်ပွဲစဉ်တွေ အပြီးမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ခဲ့ပြီးနောက် ကာတာ၊ ဟော်လန်နဲ့ ဆီနီဂေါတို့ ပါဝင်တဲ့ အုပ်စု A မှာ ကျရောက်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်ခဲ့တဲ့ ချီလီအသင်းဟာ အီကွေဒါအသင်းအနေနဲ့ ကိုလံဘီယာဖွား ကစားသမားတဦးကို တရားမဝင်အသုံးပြုခဲ့ကြောင်း စွပ်စွဲခဲ့ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကို စုံစမ်းစစ်ဆေးဖို့ တိုင်ကြားခဲ့ပါတယ်။

ချီလီအသင်း စွပ်စွဲခဲ့တဲ့ ကစားသမားက ညာနောက်ခံလူ ဘိုင်ရွန်ကတ်စတယ်လို ဖြစ်ပြီး သူဟာ ကိုလံဘီယာနိုင်ငံမှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။ ကတ်စတယ်လိုဟာ အီကွေဒေါနိုင်ငံ နယ်စပ်ရဲ့ အနီးအနားမှာရှိတဲ့ ကိုလံဘီယာနိုင်ငံက တူမာကိုဆိုတဲ့မြို့မှာ မွေးဖွားခဲ့ပြီး နိုင်ငံအသင်း ရွေးချယ်မှုနဲ့ပတ်သက်လို့ ၂၀၁၇ ခုနှစ်ကတည်းက ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်အထိ အငြင်းပွားမှုတွေ ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ ဖီဖာက အတည်ပြုပေးခဲ့လို့ အီကွေဒေါအသင်းမှာ တရားဝင် ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ချီလီအသင်းကတော့ ကတ်စတယ်လိုကို တရားမဝင် အသုံးပြုခဲ့တယ်ဆိုပြီး တိုင်ကြားထားကြောင်း ဖီဖာဘက်ကလည်း သတင်းထုတ်ပြန်ထားပြီး ဖြေရှင်းချက် ပေးသွားဖို့လည်း ရှိပါတယ်။

35 mins Ago
Up