close

ကတ်စနစ်

close

January 25, 2022

YBS ယာဥ်စီးခကို YPS ကတ်စနစ်အပြင် QR ကုတ်စနစ်ဖြင့် ငွေပေးချေနိုင်ရေး စီစဥ်နေ

ရန်ကုန်မြို့ရဲ့ ခရီးသည်ပို့ဆောင်ရေးကဏ္ဍမှာ ပြီးခဲ့တဲ့ ၂၀၂၀ ဇူလိုင်လကတည်းက ကတ်စနစ် အသုံးပြု ငွေပေးချေတဲ့စနစ်ကို သတ်မှတ်ယာဉ်လိုင်းတွေမှာ စတင်ခဲ့တာပါ။

ဒါပေမဲ့ ယာဉ်စီးခကို ကတ်အသုံးပြုပြီး ငွေပေးချေမှုတွေဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်၀ါရီလ အာဏာသိမ်းပြီးချိန်က စတင်ပြီး အသုံးပြုမှု မရှိသလောက် နည်းပါးသွားခဲ့ပါတယ်။ 

YBS ဘတ်စ်ကားတွေဟာ အရင်လို ကြပ်မတ်မှုနည်းပါးပြီး စပါယ်ယာပါတာ၊ ယာဉ်စီးခ ပိုမို ကောက်ခံတာတွေ ဖြစ်လာပါတယ်။

ကတ်ဖတ်တဲ့ စက်တပ်ဆင်ထားတဲ့တချို့ ဘတ်စ်ကားတွေဟာ စက်ကိုပိတ်ထားပြီး ယာဉ်စီးခကို ပုံးထဲ ထည့်ခိုင်းတာမျိုး လုပ်လာပါတယ်။

အခုအခါမှာတော့ ကတ်အသုံးပြုပြီး ယာဉ်စီးခပေးချေတာအပြင် mobile wallet တွေက တစ်ဆင့် QR ကုတ် အသုံးပြုပြီး ယာဉ်စီးခပေးချေတာတွေ ဆောင်ရွက်ဖို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ဟာ Yangon Payment Services လုပ်ကိုင်ခွင့်ရရှိထားတဲ့ Asia Starmar Transport Intelligent Co., Ltd၊ MPT-Money Co., Ltd တို့နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့က ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

Yangon Payment Services ကတ်စနစ်ကို ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေအပြင် ရထား၊ water bus တို့မှာပါ သုံးစွဲနိုင်အောင် ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာဖြစ်ပြီး အခုအခါမှာ စုစုပေါင်း ယာဉ်အစီးရေ ၂၇၀၀ ကျော်အနက် ၁၉၀၀ ကျော်မှာ ကတ်စနစ် တပ်ဆင်ပြီးပြီလို့  ဆိုပါတယ်။

13 mins Ago

July 9, 2020

YBS အစီး ၅၉၀ ကျော် ကတ်စနစ်ဖြင့် ဇူလိုင် ၂၁ ရက် စတင်ပြေးဆွဲမည်

YBS ငွေပေးချေရေးကတ်စနစ်ကို ဇူလိုင် ၂၁ ရက်နေ့ စတင်မှာဖြစ်ပြီး ကတ်တခုကို ငွေ နှစ်ထောင်နဲ့ ရောင်းချသွားမယ်လို့ Asia Starmar ကုမ္ပဏီက ပြောပါတယ်။  ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ YBS ယာဉ်တွေထဲက YBPC အများပိုင်ကုမ္ပဏီနဲ့ ဗန္ဓုလသယ်ယူပို့ဆောင်ရေးအများပိုင်ကုမ္ပဏီက ယာဉ်အစီး ၅၉၀ ကျော်ကို ဇူလိုင် ၂၁ ရက်နေ့ကစပြီး ကတ်စနစ်နဲ့ ငွေကြေးကောက်ခံမှုတွေ လုပ်ဆောင်တော့မှာပါ။  YBPC ကုမ္ပဏီက ယာဉ်လိုင်းပေါင်း ၇ လိုင်းနဲ့ ဗန္ဓုလကုမ္ပဏီက ယာဉ်လိုင်းပေါင်း ၅ လိုင်းမှာ ကတ်စနစ်စတင် အသုံးပြုလို့ရမှာဖြစ်သလို တဖြည်းဖြည်းနဲ့ ယာဉ်လိုင်းတွေ တိုးချဲ့သွားမယ်လို့ Asia Starmar ကုမ္ပဏီက ပြောပါတယ်။  YBS ငွေပေးချေရေးကတ်တွေကို ဇူလိုင် ၁၆ ရက်နေ့ကစပြီး G&G စတိုးဆိုင် ၁၀၀ ကျော်မှာ ငွေကျပ် ၂၀၀၀ နဲ့ ဝယ်ယူရမှာဖြစ်သလို ပထမတစ်လအတွက် ကျပ် ၅၀၀၀ ငွေဖြည့်ရင် ကတ်အခမဲ့ပေးမယ်လို့ Asia Starmar ကုမ္ပဏီရဲ့ Chief Marketing Officer ဒေါ်ခင်ခင်ရီ ပြောပါတယ်။ YBS ကတ်စနစ်အသုံးပြုဖို့ ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ YBS ယာဉ်အစီးရေ ၁၉၀၀ ကျော်မှာ စက်တွေ တပ်ဆင်ထားပြီးဖြစ်သလို အဲဒီအထဲက YBPCနဲ့ဗန္ဓုလကုမ္ပဏီက ယာဉ်တွေမှာ အရင်အသုံးပြုဖို့ စီစဉ်ခဲ့တာလို့ ဇူလိုင် ၈ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ YRTAတွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။ YBS ငွေပေးချေရေးကတ်စနစ်ကို ငွေကျပ် ၂၀၀၀ နဲ့ ရောင်းချမယ့်အပေါ် ငွေပမာဏသိပ်မများတာကြောင့် နောက်ပိုင်းအဆင်ပြေသွားနိုင်တယ်လို့ ပြောဆိုတဲ့ ခရီးသည်တွေရှိသလို လက်ရှိအချိန်ဟာ ကြပ်တည်းနေတဲ့ကာလဖြစ်လို့ ခရီးသည်တိုင်း ကတ်စနစ် အသုံးမပြုနိုင်ဘူးလို့ ပြောဆိုမှုတွေလည်း ရှိပါတယ်။ YBS ငွေပေးချေရေးကတ်တွေနဲ့ ပတ်သက်လို့ ပိုင်းလော့ပလော့ဂျက်အနေနဲ့ နည်းပညာစမ်းသပ်စီးနင်းမှုတွေကို လူဦးရေ ၁၀၀ လောက်သုံးပြီး  ဇန်နဝါရီလ ၂၀ ရက်နေ့ကနေ ဖေဖော်ဝါရီ ၉ ရက်နေ့ထိ ပြုလုပ်ခဲ့သလို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကနေ မတ် ၂၂ ရက်နေ့အထိ ပြုလုပ်ထားတာပါ။  ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ YBS အစီးရေဟာ ၆၀၀၀ လောက်ရှိပြီး နေ့စဉ်ယာဉ်အစီးရေ ၄၅၀၀ လောက်နဲ့ ပြေးဆွဲပေးနေသလို နေ့စဉ်ခရီးသည် ၁ ဒဿမ ၈ သန်းကျော်ရှိတယ်လို့ YRTAက ပြောပါတယ်။ စိုးမိုးအောင်
2 years Ago
Up