close

ကတ်စီမီရို

close

April 5, 2023

အဲရစ်ဆင်နှင့် ကတ်စီမီရို မပါနိုင်ရင်လည်း နိုင်ပွဲရယူနိုင်ရန်လိုအပ်ဟု နည်းပြတန်ဟတ်ဂ်ပြော

ကွင်းလယ်လူတွေဖြစ်ကြတဲ့ အဲရစ်ဆင်နဲ့ ကတ်စမီရိုတို့ မပါဝင်နိုင်ရင်လည်း နိုင်ပွဲရယူနိုင်ဖို့လို အပ်ကြောင်း မန်ယူနည်းပြ အဲရစ်တန်ဟတ်က ပြောပါတယ်။

ကွင်းလယ်လူ ကတ်စမီရိုဟာ ၄ ပွဲ ပယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်သေးသလို အဲရစ်ဆင်ဟာလည်း ဒဏ်ရာကြောင့်အနားယူနေရတာပါ။

နည်းပြတန်ဟတ်ဂ်ကတော့ အရည်အသွေးရှိတဲ့ကစားသမားနှစ်ဦး မပါဝင်နိုင်တာက အားနည်းချက်ရှိမယ်ဆိုတာ သိသာထင်ရှားတယ်ဆိုပေမဲ့ သူတို့ မပါဝင်နိုင်ရင်လည်း နိုင်ပွဲရယူနိုင်ဖို့လိုအပ်ကြောင်း  ပြောခဲ့တာပါ။

မန်ယူအသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၃ ပွဲမှာ ၂ ပွဲရူံး ၁ ပွဲသရေနဲ့ နိုင်ပွဲမရသေးပါဘူး။ ကတ်စမီရိုဟာ ဧပြီ ၁၆ ရက်မှာကစားမယ့်  နောက်တမ်ဟမ်ဖောရက်စ်နဲ့ပွဲရောက်မှ ပြန်လည် ကစားနိုင်မှာပါ။ 

အဲရစ်ဆင်ကတော့ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်လို့ မကြာခင်ပြန်ကစားနိုင် မယ်လို့သိရပါတယ်။

5 mins Ago
Up