close

ကနင်ကမော့ကျောင်း

close

June 20, 2021

ရေးမြို့နယ် ကနင်ကမော့ကျောင်းရှေ့တွင် ဗုံးကွဲ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကနင်ကမော့ကျောင်းရှေ့မှာ  ဇွန် ၂၀ ရက် နေ့ခင်းက ဗုံးပေါက်ကွဲမှု ၁ ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲချိန်မှာ ထိခိုက်ဒဏ်ရာရသူတွေ ရှိမရှိတော့ မသိရသေးပါဘူး။  ရေးမြို့နယ်အတွင်း အခုလို စာသင်ကျောင်းတွေမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တာ ဇွန်လ အတွင်းမှာပဲ ၃  ကြိမ်ရှိခဲ့တာပါ။

ရေးမြို့နယ်အတွင်း ပညာရေးဌာန၊ စစ်တပ်နေရာနဲ့  အုပ်ချုပ်ရေးမှူးရုံးတွေမှာ  ၁၄ ကြိမ်အထိ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး  ယနေ့အထိ ဘယ်အဖွဲ့အစည်းကမှ သူတို့လက်ချက်လို့ တာဝန်ခံပြောဆိုထားတာ မရှိသေးပါဘူး။

12 hours Ago
Up