close

ကနီဒေသခံ

close

July 23, 2021

အမြန်ရေယာဉ်ပေါ်မှ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကနီဒေသခံ ထောင်ချီ ထွက်ပြေးနေရ

ဒီနေ့မနက်ပိုင်းက ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ အမြန်ရေယာဉ်ပေါ်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် စစ်ကိုင်တိုင်း ကနီမြို့နယ်၊ ချင်တွင်းမြစ်ဘေးနေထိုင်တဲ့ ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ဒီနေ့မနက် ၁၀ နာရီလောက်မှာ ကင်းရွာထဲကို အမြန်ရေယာဉ်ပေါ်ကနေ ‌စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့သလို ‌ကဲဒေါင်ရွာ၊ ဘုမ္မဇင်းရွာအတွင်းကိုလည်း နေ့လယ် ၁ နာရီလောက်က ပစ်ခတ်သွားတယ်လို့ မိချောင်းတွင်းကျေးရွာနေ ပြည်သူတစ်ဦးက ပြောပါတယ်။

“ဘာကြောင်ပစ်တယ်လို့တော့ မသိဘူးဗျ။ အကြောင်းမဲ့ပစ်တာပါဗျာ။ အဲလိုပစ်တော့ ကျနော်တို့ ရွာထဲမနေရဲဘူးလေ။ ကျွန်တော်တို့ရွာရဲ့အောက်ဘက်က ကင်းရွာ၊ ကဲဒေါင်ရွာ၊ အုမ္မရွာ၊ ဘုမ္မဇင်းရွာက လူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးနေကြပြီ။ မိုးကလည်းရွာတော့ အတော်လေးဒုက္ခရောက်တယ်ဗျ။ ဒီစစ်‌ခွေးတွေက ရမ်းပစ်တာမို့ အထိအခိုက်အကျဆုံးက‌တော့ မရှိဘူးဗျ။”

ကျေးရွာတွေထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီအမြန်ရေယာဉ်ဟာ ဇူလိုင် ၂၂ ရက်နေ့က ချင်းတွင်းမြစ်အထက်ပိုင်းကနေ ကျောက်စိမ်းတွေ တင်ဆောင်လာတာလို့ ဒေသတွင်းသတင်းအရင်းမြစ်တွေဆီကနေ သိရပါတယ်။

3 mins Ago
Up