close

ကနီ ပြည်သူ့ကာကွယ်ရေးတပ်

close

January 11, 2022

ကနီမြို့နယ် ရေလယ်ကျွန်း ပျူစောထီးစခန်း စီးနင်းခံရ၊ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

ကနီမြို့နယ် စစ်ကောင်စီနဲ့ ပျူစောထီး စခန်းကို ကနီပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက်ရာမှာ ပျူစောထီးတစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ကနီမြို့နယ် ရေလယ်ကျွန်းမှာရှိတဲ့ ပျူစောထီးစခန်းကို ဇန်နဝါရီ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက သွားရောက်မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ကနီဆေးရုံကြီးကို ရောက်ရှိလာတဲ့ ခန္ဓာကိုယ်အောက်ပိုင်း ဒဏ်ရာရရှိထားတဲ့ ပျူစောထီးအဖွဲ့ဝင် ဟာ သွေးထွက်လွန်နေပြီး သွေးအလှူရှင် ရှာပေမယ့်လည်း လှူဒါန်းမယ့်သူ မရှိဘူးဖြစ်နေတယ်လို့ ဆေးရုံနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ပျူစောထီးတစ်ယောက် သွေးထွက်လွန်ပြီးဆေးရုံကို ရောက်လာတယ်။ သွေးအလှူရှင်ရှာနေတာ လှူမယ့်သူက လုံးဝမရှိဘူး။ ပျူ ထိလာတယ်လို့ ကြားကတည်းက လှူမယ့်သူမရှိတာ။” 

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ဒဏ်ရာရှိတဲ့ ပျူစောထီး ၂ ဦးကိုတော့  ရေလယ်ကျွန်းမှာရှိတဲ့ ပျူစောထီးစခန်းကို ပြန်လည်ခေါ်ဆောင်သွားတယ်လို့ ကနီပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ အာဏာသိမ်းစစ်ကောင်စီတိုက်ဖျက်ရေး၊ စစ်အုပ်စုနဲ့ ပေါင်းအပါများတိုက်ဖျက်ရေး၊ စစ်ဗျူရိုကရေစီ ယန္တရားတိုက်ဖျက်ရေး  စတဲ့ရည်ရွယ်ချက် ၃ ခုနဲ့ တိုက်ဖျက်သွားမယ်လို့ ဆိုပါတယ်။

1 min Ago
Up