close

ကနောင်မြို့

close

November 24, 2022

ကနောင်မြို့ နယ်မြေရဲစခန်း လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ

ဧရာဝတီတိုင်း၊ မြန်အောင်မြို့မှာ နိုဝင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းက ရဲစခန်းကို အမည်မသိလက်နက်ကိုင်အဖွဲ့က လက်ပစ်ဗုံးနဲ့ လာရောက်ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကနောင်မြို့မှာရှိတဲ့ နယ်မြေရဲစခန်းကို ညနေ ၆ နာရီခွဲလောက်မှာ လက်ပစ်ဗုံးနဲ့အရင်ပစ်ခတ်ပြီး သေနတ်တွေနဲ့ ဝိုင်းပစ်သွားတာလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

''လက်ပစ်ဗုံးပေါက်သံ အရင်ကြားရတာပြီးမှ သေနတ်သံတွေကြားရတာ သေနတ်သံကတော့ အပြန်အလှန်ပစ်တဲ့ ပုံစံမျိုးကြားရတာ ရဲတွေထိတာ ရှိတယ်လို့ ပြောတယ်။” 

ရဲစခန်းထဲ လက်ပစ်ဗုံးနဲ့ပစ်ခတ်ခံရပြီးနောက်ပိုင်းမှာ အပြန်အလှန်ပစ်ခတ်မှုတွေလည်းရှိခဲ့ပြီး ထိခိုက်မှုအခြေအနေတွေကိုတော့ အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်စဥ်နဲ့ပတ်သက်ပြီး တိုင်းရဲတပ်ဖွဲ့ဘက်က ပစ်ခတ်မှုဖြစ်တာ အတည်ပြုပေမယ့် ထိခိုက်မှုတော့မရှိဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ရဲတဦးက ဒီဗွီဘီကိုပြောပါတယ်။

လက်ရှိအချိန်မှာတော့ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ အနီးတဝိုက်နဲ့ မြို့တွင်းမှာ ပိတ်ဆို့ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

8 hours Ago

June 30, 2022

ကနောင်မြို့တွင် ပစ်ခတ်မှုဖြစ်ပြီးနောက် စာသင်ကျောင်းက ကျောင်းသားများကို မိဘများ ပြန်ခေါ်

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ကနောင်မြို့မှာ  ဇွန် ၂၉ ရက်က ရဲတပ်ဖွဲ့ဝင် တယောက်  ပစ်ခတ်ခံရပြီးနောက် မြို့ပေါ်စာသင်ကျောင်းတွေမှာ ကျောင်းသား ကျောင်းသူတွေကို မိဘတွေက ပြန်လာခေါ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

မနေ့ မနက် ၉ နာရီကျော်လောက်က ကနောင်မြို့၊ အမှတ် ၂ ရပ်ကွက်မှာ ရဲတပ်သား ဇော်ဇော်ထက်  သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက်ပိုင်း သေနတ်သံတွေ ထွက်ပေါ်လာတာကြောင့် မိဘတွေက စာသင်ကျောင်းတွေကနေ ကလေးတွေကို သွားပြန် ခေါ်ကြတာလို့ ဒေသခံတွေက ပြောပါတယ်။ 

“ကနောင်ရဲစခန်းကရဲ မြို့လယ်ခေါင်မှာ အပစ်ခံရတာ။ လာပစ်တဲ့အဖွဲ့က ပြန်ထွက်တဲ့အချိန်မှာ တခြားနေရာက ရဲတွေရောက်လာပြီး အပြန်လှန်ပစ်ကျတော့ သေနတ်သံတော့ တော်တော်ဆူသွားတယ်။ နည်းနည်း ငြိမ်သွားတာနဲ့ ကလေးတွေကို မိဘတွေက ကျောင်းကသွားခေါ်ကြတာ”လို့ ဒေသခံတဦးက ပြောပါတယ်။ 

ရဲတဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက်ပိုင်း ကနောင်မြို့မှာရှိတဲ့ စာသင်ကျောင်းတွေကနေ ကလေးတွေကို ပြန်ခေါ်ခဲ့တာကြောင့် ကျောင်းတွေပိတ်ပြီး လုံခြုံရေးအင်အားတိုးမြှင့်တာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ကနောင်မြို့ဝင် ထွက်ဂိတ်တွေမှာလည်း စစ်ကောင်စီတပ်ရော ရဲတွေပါ အထိုင်ချပြီး ပိုက်စိတ်တိုက်စစ်ဆးခဲ့သလို မြို့ထဲမှာလည်း ကားတွေနဲ့ပတ်ပြီး စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ကနောင်မြို့က ရဲတဦးကို သေနတ်နဲ့ ပစ်တာဟာ သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ မြန်အောင်မြို့နယ်မှာရှိတဲ့ နဂါးနီတော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

5 months Ago
Up