close

ကန့်ဒေါင့်ရဲကင်းစခန်း

close

September 21, 2021

ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲကင်းစခန်း မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်နယ်မြေ ရဲကင်းစခန်း  စက်တင်ဘာ ၂၁ ရက် ဒီ ညနေ ၄ နာရီ ၄၅ မိနစ်လောက်က မီးရှို့ ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပုလဲမြို့နယ်အတွင်းက လက်နက်ကိုင်အဖွဲ့ဝင်တစ်ဦးက “အဲဒီရဲစခန်းကို မီးရှို့ရတာကတော့ စစ်ကောင်စီဘက်က နယ်မြေစိုးမိုးမှု လုပ်လို့မရအောင်လို့ပါ။ မနက်ဖန်မှာ စစ်ကိုင်းတိုင်း၊ မုံရွာကနေ ပုလဲမြို့အတွက် ရဲ အယောက် ၅၀ တာဝန်ချထားပြီး ဒီကန့်ဒေါင့်စခန်းမှာ တပ်စွဲမယ်လို့ အတွင်း သတင်းရထားလို့ အခုလိုမီးရှို့တာ” လို့ ပြောပါတယ်။

ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းဟာ ပုလဲမြို့မရဲစခန်းပြီးရင် ဒုတိယအကြီးဆုံးစခန်းတစ်ခုဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် လုံခြုံရေးအရ ရဲဝန်ထမ်းတွေကို ပုလဲမြို့မရဲစခန်းမှာ ပူးပေါင်းထားတဲ့ အတွက် လူမရှိတဲ့ စခန်းတစ်ခုလည်း ဖြစ်ပါတယ်။

10 mins Ago
Up