close

ကန့်သတ်ဧရိယာ

close

January 30, 2022

ကမ်းဝေးငါးဖမ်းလှေများ စစ်ကောင်စီရေတပ်ကို လာဘ်ထိုးပြီး ကန့်သတ်ဧရိယာများတွင် ငါးဖမ်း

တနင်္သာရီတိုင်းထဲက ကမ်းဝေးငါးဖမ်းလှေတွေဟာ ပင်လယ်ပြင်စိုးမိုးရေး တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး တားမြစ်ကမ်းနီးရေပြင်မှာ ငါးဝင်ရောက်ဖမ်းဆီးနေသလို တရားမဝင် ငါးဖမ်းကိရိယာတွေ အသုံးပြုတာကြောင့် ရေအောက် သန္တာကျောက်တန်းတွေ ပျက်စီးဆုံးရှုံးနေသလို ဒေသခံ တပိုင်တနိုင် ငါးရှာဖွေနေသူတွေ အခက်ခဲဖြစ်နေကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက် တနင်္သာရီတိုင်း ပင်လယ်ပြင်ထဲက ဒုံးပုလဲအော်၊ လင်းလွန်း၊ ပရောဝါး၊ ဒုံးဥယျာဉ်ကမ်း၊ ဒုံးရွေသန်း စတဲ့ကျေးရွာတွေနဲ့ အခြားဒုံးကျွန်းက‌ ကျေးရွာအနီးတဝိုက်မှာ ကမ်းဝေးငါးဖမ်းလှေတွေအနေနဲ့ တရားမဝင်ငါးဖမ်းတာတွေ ပြုလုပ်နေကြတာပါ။

ပင်လယ်ပြင်လုံခြုံရေးဆောင်ရွက်နေတဲ့ စစ်ကောင်စီ ရေတပ်တွေက တရားမဝင် ကမ်းဝေး ငါးဖမ်းသင်္ဘောတွေဆီကနေ ငွေကြေးနဲ့ စက်သုံးဆီတွေကို တောင်းခံနေပြီး တားမြစ်ထားတဲ့ ငါးဖမ်းကိရိယာတွေနဲ့ ဖမ်းဆီးနေတာတွေကို လျစ်လျုရှုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကမ်းဝေးငါးဖမ်း သင်္ဘောတွေအနေနဲ့ သင်္ဘောနာမည်တွေကို မမြင်ရအောင်ဖုံးအုပ်ပြီး  ကမ်းနီးမှာ တရားမဝင်း ငါးဝင်ရောက်ဖမ်းနေသလို တားမြစ်ထားတဲ့ ငါးဖမ်းကိရိယာတွေအသုံးပြုပြီး ငါးဖမ်းဆီးနေမှုက တစ်နေ့ကို ၁၀ စီးမက တွေ့နေရတယ်လို့ ဒုံးကျွန်းအနီး နေထိုင်သူတဦးက ပြောပါတယ်။

ကမ်းနီးမှာ တရားမဝင် ငါးဝင်ရောက်ဖမ်းဆီးနေတဲ့ လှေတွေဟာ ရေယာဉ်စောင့်ကြည့်ထိန်းချုပ်ရေးစနစ် VMS စက်တွေကို ဒေသခံရွာတွေမှာရှိတဲ့ လှေငယ်တွေ ငှားရမ်းပြီး အဲဒီလှေငယ်လေးတွေပေါ်မှာ ပြောင်းလဲတပ်ဆင်ကာ တည်နေရာအချက်ပြစနစ်ကို မှားယွင်းအောင်ပြုလုပ်နေတယ်လို့လည်း ကမ်းနီးရေလုပ်သားတွေက ပြောပါတယ်။

အခုလို ကန့်သတ်ထားတဲ့ ကမ်းနီးဒေသတွေမှာ ငါးဝင်ရောက်ဖမ်းဆီးတဲ့အတွက် ငါး၊ ပုစွနေ၊ ကင်းမွန် စတဲ့ ရေသတ္တဝါတွေဟာ ရှားပါးလာပြီး ရေလုပ်ငန်းနဲ့ အသက်မွေး ဝမ်းကြောင်းပြုနေတဲ့ ဒေသတွင်း ကျေးရွာသားတွေ စားဝတ်နေရေးအခက်ခဲ ရင်ဆိုင်နေကြရပါတယ်။

7 mins Ago

May 30, 2020

တနင်္သာရီတိုင်းတွင် ကန့်သတ်ဧရိယာထဲ ငါးဖမ်းသည့်သင်္ဘောများ ဇွန်လဆန်း စတင်အရေးယူမည်

တနင်္သာရီတိုင်းအတွင်း ပညာပေးကာလ ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် ကန့်သတ်ဧရိယာတွေထဲ ငါးဝင်ရောက်ဖမ်းဆီးနေတဲ့ ငါးဖမ်းသင်္ဘောတွေကို ဇွန်လဆန်းပိုင်းကနေ စပြီး အရေးယူတော့မယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရေယာဉ်ထိန်းချုပ်စောင့်ကြည့်ရေးစနစ် VMS စနစ်ကို ကမ်းဝေးငါးဖမ်းသင်္ဘောတွေမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ငါးဖမ်းရာသီကစတင်ပြီး အပြီးတပ်ဆင်ပြီး စောင့်ကြည့်ရာမှာ ကန့်သတ်ဧရိယာတွေထဲ ငါးဝင်ရောက်ဖမ်းဆီးတာတွေ ရှိနေတဲ့အတွက် အဲဒီငါးဖမ်းသင်္ဘောတွေကို ပညာပေးကာလမှာ စာနဲ့သတိပေးတာ၊ ခံဝန်ထိုးခိုင်းတာမျိုး ဆောင်ရွက်ခဲ့ပေမယ့် အခုလာမယ့် ဇွန် ၁ ရက်နေ့ကစပြီး ဖောက်ဖျက်တဲ့ ငါးဖမ်းသင်္ဘောတွေကို  စတင်အရေးယူဆောင်ရွက်တော့မယ်လို့ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးသံချောင်းက ပြောပါတယ်။ အရေးယူဆောင်ရွက်ခံရတဲ့နေရာမှာ လှေရှင်တွေကသာ နစ်နာမှုများတာဖြစ်ပြီး မြေပြင်က ကန့်သတ်ဧရိယာတွေထဲ ဝင်ရောက်ပြီး ငါးဖမ်းတာဟာ လှေပဲ့နင်းတွေရဲ့ ဆုံးဖြတ်ချက်အရ ပြုလုပ်တာဖြစ်လို့ လှေပဲ့နင်းတွေကိုလည်း ပြစ်ဒဏ်ချမှတ်သင့်တယ်လို့ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလှသန်းက ပြောပါတယ်။ အဲဒီရှင်းလင်းပွဲမှာ ရေလုပ်ငန်းရှင်တွေအနေနဲ့ ငါးဖမ်းရာသီ ရပ်နားထားတဲ့ ၃ လအတွင်း ရေယာဉ်စောင့်ကြည့်ထိန်းချုပ်ရေးစနစ် VMS စက်တွေ အမြဲဖွင့်ထားရမယ်လို့ ဆိုတာကြောင့် အခက်ခဲရှိနေတယ်လို့  မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်စိုးက ပြောပါတယ်။ တနင်္သာရီတိုင်းအတွင်းမှာ VMS စနစ် တပ်ဆင်ပြီးတဲ့ ငါးဖမ်းသင်္ဘာ အစီးရေ ၁၅၀၀ ကျော်ရှိပြီး ပညာပေးကာလအတွင်းမှာ စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်လို့ သတိပေး ဆောင်ရွက်ခံရတဲ့ ငါးဖမ်းသင်္ဘောအရေအတွက် ၃၀၀ ကျော် ၄၀၀ ဝန်းကျင်ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။   အောင်ကျော်
2 years Ago
Up