close

ကန့်သတ်

close

July 26, 2022

ကလေး-တမူးလမ်းကို ကလေး PDF က အသုံးပြုချိန် ကန့်သတ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း စစ်ရေးအခြေအနေများကြောင့် ကလေး-တမူးလမ်း အသုံးပြုမှုကို အချိန်ကန့်သတ်လိုက်ကြောင်း ကလေး PDF က ဇူလိုင် ၂၆ရက်မှာ ထုတ်ပြန်ပါတယ်။

ကလေး-တမူးလမ်းကို ည ၉ နာရီမှ နောက်တနေ့ မနက် ၅ နာရီအတွင်း မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာခြင်း လုံးဝမလုပ်ဖို့ မေတ္တာရပ်ခံထားပါတယ်။

ကလေး PDF ရဲ့ တာဝန်ခံက “သတိပေးချက်ကို မလိုက်နာဘဲ ဖြတ်သန်းသွားလာခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ လုံခြုံရေး အန္တရာယ်နဲ့ အကျိုးဆက်တွေကို သတိပြုစေလိုတယ်” လို့ ပြောပါတယ်။

လက်ရှိ တမူးမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။

ဇူလိုင် ၂၅ ရက်ကလည်း တမူးမြို့ခံတဦးကို အမည်မသိလက်နက်ကိုင် လူတစုက ပစ်ခတ် သတ်ဖြတ်သွားခဲ့ပါသေးတယ်။

11 mins Ago

March 3, 2022

ဖောင်းပြင်မြို့နယ်၌ ရေကြောင်း၊ကုန်းကြောင်း ဖြတ်သန်းသွားလာချိန် ကန့်သတ်

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်အတွင်း ခရီးသွားပြည်သူတွေအနေနဲ့ ည ၇ နာရီမှ  မနက် ၆ နာရီထိ ကုန်းလမ်း၊ ရေလမ်းကနေ သွားလာတာ မပြုလုပ်ဖို့ ဖေါင်းပြင် PDF အဖွဲ့က မတ်လ ၂ ရက်မှာ သတိပေး ထုတ်ပြန်လိုက်ပါတယ်။

အရေးပေါ် ကျန်းမာရေးကိစ္စနဲ့ မဖြစ်မနေသွားလာကြရပါက  မှန်ချပြီးယာဉ်အတွင်း မီးဖွင့်မောင်းနှင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

ပင်လည်ဘူး ဖေါင်းပြင်လမ်းပိုင်းကိုလည်း ပြီးခဲ့တဲ့လကုန်ပိုင်းက ည ၆ နာရီမှ  မနက် ၆ နာရီခွဲအထိ ခရီးသည်တင်လိုင်းကား၊ ကုန်တင်ကား လောင်စာဆီတင်ကား၊ စပါးကားနဲ့ အိမ်စီးကားတွေ သတ်မှတ်ချိန်ရောက်ပါက ရောက်တဲ့နေရာ အိပ်စက်ရပ်နားကြဖို့ ပင်လည်ဘူး PDF အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

5 months Ago
Up