close

ကန်ကြီးထောင့်မြို့နယ်

close

September 22, 2021

ကန်ကြီးထောင့်မြို့နယ်၌ မြို့ပြပြောက်ကျားစခန်းငယ်ကို စစ်တပ်ဝင်ရောက်စီးနင်း

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှာ စက်တင်ဘာလ ၂၁ ရက် ညပိုင်းက မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ရဲ့ စခန်းငယ် တစ်ခုကို စစ်တပ်က လာရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

မဂူကျွန်းကျေးရွာအနောက်ဘက် တောထဲမှာ စခန်းချထားတဲ့ မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ည ၈ နာရီကျော်လောက်မှာ ပိတ်ဆို့ပစ်ခတ်ခဲ့တာလို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူ တဦးက ဒီဗွီဘီကိုပြောပါတယ်။

" စစ်တပ်က အင်အား ၃၀ လောက်နဲ့ လာဝိုင်းပစ်တာ ကျနော်တို့ ဘက်ကတော့ ပြန်မပစ်ဘူး၊ မိုင်း ၂ လုံးခွဲလိုက်တယ်။ တပ်ကူတွေလွှတ်ပြီး ဖောက်ထွက်နိုင်ခဲ့တယ်''လို့ ပြောပါတယ်။

စစ်တပ်ကလာဝိုင်းတဲ့အချိန်မှာ မိုင်း ၂ လုံးခြောက်လှန့်ဖောက်ခွဲခဲ့ပြီးနောက်  တပ်ကူတွေရောက်လို့ ထွက်ဖို့ပြင်ချိန်မှာ စစ်တပ်ဘက်က သေနတ်နဲ့ နောက်က လိုက်လံပစ်ခတ်ခဲ့ပေတယ်လို့လည်း ဆိုပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေကြားမှာ ပြောက်ကျားတပ်တွေ အထိခိုက်မရှိဖောက်ထွက်နိုင်ခဲ့ တယ်လို့ သိရပါတယ်။

ကန်ကြီးထောင့်မြို့နယ်ထဲမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့စခန်းကို စစ်ကောင်စီတပ်ကပ လာဝိုင်းပြီးပစ်ခတ်တိုက်ခိုက်တာ  ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။

3 weeks Ago

September 19, 2021

ကန်ကြီးထောင့်မြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီ ဖမ်းဆီး

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှာ စက်တင်ဘာလ ၁၈ ရက် ညပိုင်းက ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်စုံကို စစ်တပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဟာ  အာဏာသိမ်းစစ်တပ်လက်အောက်မှာ ဆက်လက်အလုပ်လုပ်နေသူဖြစ်ပြီး ဘာကြောင့် ဖမ်းဆီးခံရတယ်ဆိုတာကိုတော့ မသိရဘူးလို့  ဒေသခံတွေက ပြောပါတယ်။

“စစ်သားတွေရောက်လာပြီး သေနတ်တွေနဲ့ ချိန်ခေါ်သွားတာ။ အချင်းချင်း ဘာလို့ ဖမ်းတာလဲဆိုတာတော့ မသိဘူး။ ဖမ်းသွားတာတော့ သေချာတယ် တောင်ပေါ်ကို တခါတည်း ခေါ်သွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်စုံကို ညနေ ၅ နာရီကျော်မှာ လာရောက်ဖမ်းဆီးခဲ့ပြီး ပုသိမ်က တောင်ပေါ်စစ်တပ်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဟာ CDM မလုပ်ဘဲ စစ်တပ်ရဲ့ လက်အောက်မှာ စစ်ကောင်စီက ခိုင်းတဲ့အလုပ်တွေကို ဆက်လက်လုပ်ဆောင်နေသူတစ်ဦး ဖြစ်ပါတယ်။

3 weeks Ago
Up