close

ကန်တက်ကီပြည်နယ်

close

August 9, 2022

ရေဘေးကြုံခဲ့သည့် ကန်တက်ကီပြည်နယ်ကို သမ္မတဘိုင်ဒင် သွားရောက်ကြည့်ရှု

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ရေဘေးနဲ့ကြုံခဲ့ရတဲ့ ကန်တက်ကီပြည်နယ် အရှေ့ပိုင်းဒေသကို သြဂုတ် ၈ ရက်မှာ သွားရောက်ခဲ့ပြီး ပျက်စီးမှုအခြေအနေကို လေ့လာရင်း ဒေသခံတွေနဲ့ တွေ့ဆုံပါတယ်။

အခုခရီးစဉ်ဟာ ကိုဗစ်ရောဂါလက္ခဏ လုံးဝကင်းစင်သွားတဲ့နောက် သမ္မတရဲ့ ပထမဆုံးခရီးဖြစ်ပြီး သမ္မတကတော် ဂျေးဘိုင်ဒင်လည်း လိုက်ပါသွားပါတယ်။

ရေဘေးကြုံခဲ့ရတဲ့ အစွန်အဖျားဒေသတွေမှာ အရင်တပတ်ကစလို့ ရေပြန်ကျသွားပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို စလုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ သမ္မတ ရောက်သွားတဲ့အချိန်အထိ အပျက်အစီးတွေအားလုံး မရှင်းလင်းနိုင်သေးဘဲ ရွှံ့ဗွက်တွေထဲမှာ အပျက်အစီးတွေကို တွေ့နေရပါတယ်။

ရေဘေးနဲ့ကြုံခဲ့ရတဲ့ စီရင်စုနယ်မြေ ၁၂ ခုက လူဦးရေ ၈၀၀ အတွက် အမေရိကန်ဒေါ်လာ ၁၃ သန်း ပြည်ထောင်စုအစိုးရရဲ့ ကယ်ဆယ်ရေးရန်ပုံငွေကနေ ထောက်ပံ့မယ်လို့ ကြေညာထားပါတယ်။ နောက်ထပ် အကူအညီလိုအပ်သူတွေ ဆက်သွယ်ကြဖို့ အစိုးရက ဖိတ်ခေါ်ထားပါတယ်။

51 seconds Ago
Up