close

ကန်တော်ကြီးပတ်လမ်း

close

October 29, 2021

မန္တလေးမြို့ ကန်တော်ကြီးပတ်လမ်းတွင် ဗုံးပေါက်ကွဲပြီး လူ ၈ ဦး ဒဏ်ရာရ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်းမှာ  အောက်တိုဘာလ ၂၉ ရက် ဒီ ညနေ ၆ နာရီခွဲကျော်လောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

ဗုံးပေါက်ကွဲတာဟာ Lake View KTV နဲ့ စင်တင်တေးဂီတနေရာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး  လူ ၈ ယောက်လောက်  ထိခိုက်ဒဏ်ရာရကာ  ၂ ယောက်က စိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ ကနဦး သိရပါတယ်။

ဗုံးပေါက်ကွဲပြီး မကြာခင်မှာ ရောက်လာတဲ စစ်ကောင်စီတပ်ကတွေ အနီးနားဝန်းကျင်ကို ပစ်ခတ်တာတွေလည်းလုပ်ခဲ့တယ်လို့ ဆိုကြပါတယ်။

ဒါ့အပြင် ဒီညနေပိုင်းကပဲ ရှမ်းကလေးကျွန်းအနီးမှာလည်း ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

1 min Ago
Up