close

ကန်ထောက်လှမ်းရေးညွှန်မှူး

close

March 11, 2022

ရုရှားစစ်တပ် စစ်ဆင်ရေးမဆင်မခြင် ဆောင်ရွက်နေဟု ကန်ထောက်လှမ်းရေးညွှန်မှူး ပြော

ရုရှားစစ်တပ်ဟာ အရပ်သားတွေကို လျစ်လျူရှုပြီး စစ်ဆင်ရေးတွေကို မဆင်မခြင် ဆောင်ရွက်နေတယ်လို့ အမေရိကန် အမျိုးသားထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး အဗ်ရီယယ် အန်းစ်က မတ်လ ၁၀ ရက်မှာ ပြောပါတယ်။

အမေရိကန် လုံခြုံရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုတွေနဲ့ သက်ဆိုင်တဲ့ အထက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီ နှစ်ပတ်လည် ကြားနာပွဲမှာ သူက ပြောလိုက်တာပါ။

ရုရှားရဲ့ လုပ်ရပ်တွေကို တာဝန်ခံခိုင်းဖို့ ထောက်လှမ်းရေး အေဂျင်စီတွေဟာ ရုရှားတပ်ဖွဲ့တွေရဲ့ လုပ်ရပ်တွေကို ခြေရာခံနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ရုရှားအစိုးရနဲ့ သူ့စစ်တပ်ကို သူတို့လုပ်ရပ်တွေအတွက် တာဝန်ခံခိုင်းဖို့ မှတ်တမ်းတင်ဖို့ ထောက်လှမ်းရေး အသိုင်းအဝိုင်း အချင်းချင်း အပြန်အလှန် ချိတ်ဆက် ဆောင်ရွက်နေတယ်လို့လည်း အန်းက ပြောပါတယ်။

2 mins Ago
Up