close

ကန်ဒေါ်လာ ၁၄ ဘီလီယံ

close

September 23, 2022

အေအိုင်ဒီအက်စ်၊ တီဘီနှင့် ငှက်ဖျားတိုက်ဖျက်ရေး ရန်ပုံငွေ ကန်ဒေါ်လာ ၁၄ ဘီလီယံကျော်ရရှိ

အေအိုင်ဒီအက်စ်၊ တီဘီနဲ့ ငှက်ဖျား ရောဂါသုံးမျိုးတိုက်ဖျက်ရေး ကမ္ဘာ့ရန်ပုံငွေအတွက် ထည့်ဝင်မယ်လို့ ကမ္ဘာ့ခေါင်းဆောင်တွေ ပေးထားတဲ့ကတိဟာ စက်တင်ဘာ ၂၁ ရက်မှာ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၂၅ ဘီလီယံထိ ရောက်သွားပါပြီ။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဒီရောဂါသုံးမျိုး တိုက်ဖျက်ရေး တိုးတက်မှုတွေ နောက်ကောက်ကျသွားအပြီး ကမ္ဘာ့ခေါင်းဆောင်တွေက ရောဂါ ၃ မျိုး တိုက်ဖျက်ရေး ပြန်ကြိုးစားလာကြပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း နှစ်စဉ်ကျင်းပနေကျ အဆင့်မြင့် ဆက်စပ် အစည်းအဝေးကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က နယူးယောက်မြို့မှာ ကျင်းပခဲ့တာပါ။

ရောဂါတွေကို တိုက်ဖျက်ဖို့ ရန်ပုံငွေက အရေးကြီးတယ်လို့ သူက ပြောပါတယ်။ ဒါဟာ လူသန်း ၂၀ လောက်ရဲ့ အသက်ကို ကယ်ဖို့၊ လာမယ့် လေးနှစ်အတွင်း ဒီရောဂါကြောင့် သေဆုံးနှုန်းကို ၆၄ ရာခိုင်နှုန်း လျှော့ချဖို့ ရင်းနှီးမြှုပ်နှံမှုပဲလို့လည်း ဘိုင်ဒင်က ပြောပါတယ်။

လာမယ့် ရန်ပုံငွေကာလအတွင်း အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ကတိပြုမယ်လို့ အမေရိကန် အစိုးရက အရင်က ပြောပါတယ်။

လာမယ့် ၃ နှစ်တာ ရန်ပုံငွေကာလအတွက် ဂျီနီဗာအခြေစိုက် ညွန့်ပေါင်းအဖွဲ့က အစိုးရတွေ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိက ကဏ္ဍတွေကနေ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံရဖို့ ကြိုးစားနေတာပါ။

ဗုဒ္ဓဟူးနေ့ ညီလာခံမတိုင်ခင် စုစုပေါင်း လိုအပ်ချက်ရဲ့ ၃ ပုံ ၁ ပုံကို ရခဲ့ပါတယ်။ ဒါပေမဲ့ အခြေအနေအရ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၂၅ ဘီလီယံလောက် ပိုတိုးပြီး လိုအပ်နိုင်လို့ ပိုများတဲ့ အလှူတွေကို မျှော်လင့်ထားတယ်လို့ The Global Fund အဖွဲ့က ပြောပါတယ်။၂၀၀၂ ခုနှစ်မှာ စတင်တည်ထောင်ချိန်ကတည်းက ခုထိ ရန်ပုံငွေကြောင့် လူ သန်း ၅၀ လောက်ရဲ့ အသက်ကို ကယ်ခဲ့ပြီးပြီလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

3 mins Ago
Up