ချင်းပြည်နယ်၊ ကန်ပက်လက်ဒေသက တိုက်ပွဲရှောင် ပြည်သူတွေအတွက် မကွေးတိုင်း ဆောမြို့နယ်ထဲမှာ စစ်ဘေးရှောင်စခန်း ဖွင့်လှစ်ထားပါတယ်။
ဒီစစ်ရှောင်စခန်းမှာ ပြည်သူ ၅၀၀ ကျော်ခိုလှုံနေကြပြီး ဆေးဝါးနဲ့စားဝတ်နေရေးလိုအပ်ချက်တွေကို နယ်ခံပြည်သူတွေက ဝိုင်းဝန်းကူညီလှူဒါန်းနေကြပါတယ်။