close

ကန်ပက်လက်မြို့

close

March 17, 2022

ကန်ပက်လက်မြို့နယ်တွင်း တိုက်ပွဲကြောင့် ဒေသခံ ၉၀၀ ခန့် ထွက်ပြေးပုန်းအောင်းနေရ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ တိုက်နယ်အမှတ် ၅ ဘက် စမ္မသား၊ စံအိမ်နူးကျေးရွာနဲ့ အနီးတဝိုက် ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် CDF တို့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး ဒေသခံ ၉၀၀ လောက် တောတောင်တွေထဲ ထွက်ပြေးပုန်းအောင်းနေရပါတယ်။

ကန်ပက်လက်မြို့နယ်ထဲမှာ အခုရက်ပိုင်းအတွင်း နေ့စဉ်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ထွက်ပြေး တိမ်းရှောင်နေရတဲ့ သူတွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ နာမကျန်းသူတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ပါဝင်ပြီး အခုလို ပုန်းအောင်းနေရတာ ရက်အနည်းငယ်ကြာမြင့်နေပြီလို့ သိရပါတယ်။

စစ်ဘေးရှောင်တွေဟာ တောတောင်ထဲမှာ အစာရေစာ ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး တိုက်ပွဲတွေ ဘယ်လောက်ကြာမယ်ဆိုတာ မခန့်မှန်းနိုင်တာကြောင့် နေထိုင် စားသောက်ရေးနဲ့ ကျန်းမာရေးအတွက် ဆေးဝါးတွေ လိုအပ်နေတဲ့အတွက် အကူအညီပေးကြဖို့ ကန်ပက်လက်မြို့နယ် ကြက်ခြေနီအသင်းရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ မတ်လ ၁၆ ရက်နေ့က ဖော်ပြထားပါတယ်။

ကန်ပက်လက်မြို့နယ်မှာ ပြီးခဲ့တဲ့ မတ် ၁၁ ရက်ကစပြီး စစ်ကောင်စီတပ်က သာလွန်အင်အား အသုံးပြုပြီး ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် CDF ကန်ပက်လက်အနေနဲ့ သူတို့ရဲ့ တပ်မဟာဌာနချုပ်ကို ယာယီစွန့်ခွာခဲ့ရတယ်လို့ မနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မတ် ၁၅ ရက် စမ္မသားရွာဟောင်း တိုက်ပွဲမှာလည်း  မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းနဲ့ ကျောက်ထု အမြောက်တပ်တို့က လက်နက်ကြီး ပစ်ကူပေးခဲ့တာကြောင့်၊ စမ္မသားရွာဟောင်းက လူနေအိမ် ၉ လုံး လက်နက်ကြီးထိမှန် မီးလောင်ပျက်စီးခဲ့ရပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

12 mins Ago

March 9, 2020

အပန်းဖြေ လေ့လာသူတွေ အသွားများနေတဲ့  ခေါ်နူးစုမ်တောင် (ဓာတ်ပုံ) 

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ ခေါ်နူးစုမ်တောင် ခေါ် ဝိတိုရိယတောင်ကို အနယ်နယ်အရပ်ရပ်မှ လာရောက် အပန်းဖြေ လေ့လာသူတွေနဲ့  စည်ကားနေပါတယ်။  နတ်မတောင်(ခေါနူးစုမ်) အမျိုးသားဥယျာဉ်ဟာ ချင်းပြည်နယ် မင်းတပ်၊ မတူပီနဲ့ ကန်ပက်လက်မြို့နယ်တွေအတွင်းတည်ရှိပြီး အမြင့်ပေ ၁၀၅၀၀ ရှိကာ စုစုပေါင်းဧရိယာ အကျယ်အဝန်း ၁၇၆၃၀၀ ဧက ရှိတဲ့ မြေသားတောင်ဖြစ်ပါတယ်။ နတ်မတောင်(ခေါနူးစုမ်)တောင်ဟာ ချင်းပြည်နယ်မှာ အမြင့်ဆုံးတောင်မကြီး တခုဖြစ်ပြီး ၂၀၁၀ ဒီဇင်ဘာ ၂ ရက်မှာ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ဖွဲ့စည်းကြောင်းကြေညာခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့  (၇) ခုမြောက် အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ ပါတယ်။ နတ်မတောင်(ခေါနူးစုမ်)တောင်ကို ၁၉၃၆ ခုနှစ် သစ်တောနည်းဥပဒေ ၁၉ အရ မိုဃ်းကြိုးဝိုင်းအမည်ဖြင့် သဘာဝသစ်တောတွေကို ထိန်းသိမ်းထားဖို့နဲ့ ဒေသခံ ပြည်သူတွေ မိရိုးဖလာထုတ်ယူသုံးစွဲခွင့်ပြုဖို့ သတ်မှတ်ခဲ့ပြီး ၁၉၃၆ ခုနှစ် တောရိုင်း တိရစ္ဆာန်ကာကွယ်ရေးအက်ဥပဒေအရပါ သတ်မှတ်ကာကွယ်ခဲ့ပါတယ်။ Photo - Ye Myo Khant / MPA
2 years Ago
Up