close

ကန်ပက်လက်CDF

close

March 9, 2022

စစ်ကောင်စီတပ်နှင့် ကန်ပက်လက် CDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်

မကွေးတိုင်းဒေသကြီးနဲ့ ချင်းပြည်နယ် နယ်စပ်မှာ မတ်လ ၉ ရက်နေ့ မနက်ပိုင်းက ကန်ပက်လက် CDF နဲ့ The Youth Force (ဆော/ ကျောက်ထု) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိသွားတယ်လို့ ကန်ပက်လက် CDF က ပြောပါတယ်။
ဆောမြို့နယ်နဲ့ ကန်ပက်လက်မြို့နယ် အစပ်က ချောင်းထိပ်ကျေးရွာမှာ ဒီကနေ့မနက် ၁၀ နာရီခွဲလောက်ကနေ ၁၂ နာရီလောက်အထိ နှစ်ဖက် ၁ နာရီကျော်ကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ကန်ပက်လက် CDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာ TYF (ဆော၊ ကျောက်ထု) က ထောင်ထားတဲ့ နင်းမိုင်း တော်တော်များများကို နင်းမိပြီး စစ်ကောင်စီတပ်သား ၅ ယောက်လောက် သေဆုံးကာ ၉ ယောက်လောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်းမှာ ဒေသကာကွယ်ရေး ညီနောင်မဟာမိတ်တပ်ဖွဲ့က ရဲဘော်တွေ အထိအခိုက် အကျအဆုံးမရှိဘဲ ဘေးကင်းလုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ကန်ပက်လက်မြို့နယ်အတွင်းက ပြည်သူတွေရဲ့ နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ပြီး ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ခိုးယူကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြသလို ပြည်သူတွေမွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်ဖြတ်စားသောက်သွားကြတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ကန်ပက်လက်မြို့နယ်မှာ မတ်လ ၇ ရက်နေ့ မနက်ပိုင်းကလည်း စစ်ကောင်စီတပ်တွေနဲ့ CDF ကန်ပက်လက်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးတယောက် အပါအဝင် ၆ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

1 min Ago

September 16, 2021

ကန်ပက်လက်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၄ သေဆုံးပြီး အမျာအပြားဒဏ်ရာရ

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ စက်တင်ဘာလ ၁၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်အုပ်စုဘက်က ၄ ယောက်သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ ကန်ပက်လက် CDF က ထုတ်ပြန်ပါတယ်။

ကန်ပက်လက်မြို့အရှေ့ဘက် ၆ မိုင်လောက်အကွာမှာ CDF တပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်အုပ်စုတွေ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပေမယ့်လည်း ကန်ပက်လက် CDF ဘက်က အထိခိုက် အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီဘက်က ကန်ပက်လက်မြို့ပေါ်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပြီး အဆက်မပြတ် ပစ်ခတ်ခဲ့တာကြောင့် မြို့ပေါ်က နေအိမ်တစ်ချို့ ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တာကြောင့် ကန်ပက်လက်မြို့ပေါ်က မိဘပြည်သူတွေအနေနဲ့ ပြင်ဆင်စရာရှိတာတွေကို ကြိုတင်ပြင်ဆင်ထားကြဖို့ ထပ်မံသတိပေးထားပါတယ်။

ကန်ပက်လက်မြို့နယ်နဲ့ ဆောမြို့နယ်အစပ်မှာ မနေ့ကလည်း ကန်ပက်လက် CDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ အကြမ်းဖက်စစ်အုပ်စုဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒါဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ကန်ပက်လက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ သေဆုံးဒဏ်ရာ ရရှိခဲ့မှုနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးပါဘူး။

6 months Ago
Up