တရုတ်နဲ့ ကာဇက်စတန် ၂ နိုင်ငံတို့ဟာ ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေး၊ ဆက်သွယ်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ကုန်ထုတ်လုပ်နိုင်စွမ်း စတဲ့နယ်ပယ်အမျိုးမျိုးမှာ ပူးပေါင်းဆောင်ရွက်မှု ပိုနက်ရှိုင်းအောင်လုပ်ဖို့ စက်တင်ဘာ ၁၅ ရက်မှာ သဘောတူလိုက်ကြပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ကာဇက်စတန်သမ္မတတို့ ကာဇက်စတန်နိုင်ငံရဲ့ မြို့တော် နူးရ် ဆူလတန်မှာ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းက ဆွေးနွေးပွဲအတွင်း သဘောတူခဲ့ကြတာပါ။
တရုတ်နဲ့ ကာဇက်စတန်ကြား သံတမန်ဆက်ဆံရေး တည်ဆောက်ပြီး နှစ် ၃၀ ကျော်အတွင်း အပြန်အလှန် ဆက်ဆံရေးဟာ ပြောင်းလဲနေတဲ့ နိုင်ငံတကာ အခင်းအကျင်းရဲ့ စမ်းသပ်ချက်ကို ကြံ့ကြံ့ခံ ရပ်တည်ခဲ့ပြီး ပိုမြင့်တဲ့အဆင့်နဲ့ အသီးအပွင့်ပိုများတဲ့ ရလဒ်တွေကို ဆွတ်ခူးနိုင်ခဲ့တယ်လို့ ရှီက ထောက်ပြ ပြောဆိုပါတယ်။
တရုတ်နဲ့ ကာဇက်စတန် ၂ နိုင်ငံဆက်ဆံရေးအတွင်း နယ်စပ်သတ်မှတ်ရေး၊ နယ်စပ်ဖြတ်ကျော် ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေ ချမှတ်ရေး၊ နိုင်ငံတကာ ကုန်ထုတ်လုပ်နိုင်စွမ်း ပူးပေါင်းဆောင်ရွက်ရေးနဲ့ အားလုံးပါဝင်တဲ့ အမြဲတမ်း ဗျူဟာမြောက် မိတ်ဘက်တည်ဆောက်ရေး အပါအဝင် အတော်များများကို ဖန်တီးခဲ့ပြီးပြီလို့လည်း ရှီက ပြောခဲ့ပါတယ်။