အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်တက္ကသိုလ်က ဒါဇင်နဲ့ချီတဲ့ ကျောင်းသူတွေဟာ စက်တင်ဘာ ၁၁ ရက်မှာ အမေရိကန်တိုက်ခိုက်ခံရတဲ့ နှစ် ၂၀ ပြည့် အထိမ်းအမှတ်အနေနဲ့ တာလီဘန်တွေကို ထောက်ခံပြီး ဆန္ဒပြခဲ့ကြပါတယ်။
ကဘူးလ်မြို့ ရှဟိဒ် ပရောဖက်ဆာ ရက်ဘာနီ ပညာရေးတက္ကသိုလ်နားမှာ ဆန္ဒပြသူတွေ ချီတက်နေချိန်မှာ တာလီဘန်တွေက ရပ်စောင့်နေခဲ့ပါတယ်။
အမေရိကန်သမ္မတဟောင်း ဂျော့ချ်ဒဗလျူဘုရှ်က လွန်ခဲ့တဲ့ နှစ် ၂၀ က ဆင်နွှဲခဲ့တဲ့ အယ်လ်ကေဒါ အမြစ်ဖြုတ်ရေး နှစ် ၂၀ ကြာစစ်ပွဲ အဆုံးသတ်အပြီး မကြာခင် နှစ်ပတ်လည်နေ့ ရောက်လာခဲ့တာပါ။
အယ်လ်ကေဒါတွေဟာ ၉/၁၁ ရက်မှာ အမေရိကန်ကို တိုက်ခိုက်ခဲ့လို့ လူအယောက် ၃,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
အဲဒီအယ်လ်ကေဒါတွေကို အာဖဂန်က အဲဒီအချိန်မှာ ခိုလှုံခွင့်ပေးခဲ့လို့ အမေရိကန်က အာဖဂန်ကို တိုက်ခိုက်ခဲ့တာပါ။
တာလီဘန်တွေ သြဂုတ်လလယ်မှာ အာဏာသိမ်းအပြီးမှာ လူထောင်သောင်းချီ နိုင်ငံထဲက ထွက်သွားခဲ့ကြပါတယ်။
ထွက်သွားသူ အများအပြားကတော့ အနောက်နိုင်ငံတွေက ကျောထောက်နောက်ခံ ပေးထားတဲ့ အစိုးရနဲ့ ပတ်သက်မှုအတွက် သူတို့ကို လက်စားချေမှာ ကြောက်တဲ့ ပညာရှင်တွေပါ။
လတ်တလောမှာ ကဘူးလ်မြို့ထဲမှာ အမျိုးသမီးတွေဟာ အစိုးရသစ်မှာ ပါဝင်ကိုယ်စားပြုခွင့်နဲ့ အကာအကွယ်ရပိုင်ခွင့်တွေအတွက် တောင်းဆိုဆန္ဒပြကြပါတယ်။