close

ကမမောင်း-ဖာပွန်ကားလမ်း

close

June 22, 2021

ကမမောင်း-ဖာပွန် ကားလမ်းပိတ်လျှင် အခြေခံလူတန်းစားများ အခက်အခဲဖြင့်ရင်ဆိုင်ရမည်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် (မူတြော်ခရိုင်) ကမမောင်း-ဖာပွန် ဝါးဘိုးတော် ကားလမ်းကို ပိတ်ထားပါက အခြေခံလူတန်းစားတွေအတွက် အခက်အခဲတွေအများကြီး ရင်ဆိုင်ရမယ်လို့ ဖာပွန်မြို့ခံတွေက ပြောပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ကမမောင်း-ဖာပွန်သွား ကားလမ်းမကြီးကို ၁၀ ရက်ဖွင့်ပေးသွားမှာဖြစ်ပြီး သတ်မှတ်ရက်နောက်ပိုင်း သွားလာတာခွင့်ပြုမှာမဟုတ်သလို သွားလာခဲ့ပါက ဖြစ်လာတဲ့ ဆိုးကျိုးတွေကို တာဝန်မယူဘူးလို့  ကေအန်ယူ လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးထုတ်ပြန်ထားတဲ့အပေါ် အခုလို ပြောဆိုလိုက်တာပါ။

"လမ်းပိတ်တိုင်း အဓိက ထိခိုက်နစ်နာတာက အခြေခံ လူတန်းစားတွေပဲ။  လမ်းပိတ်တာနဲ့ စားသောက်ကုန်စျေးက တက်တာပဲ။ ပိုက်ဆံရှိတဲ့သူက ဆန် ၁ အိတ် ၁ သိန်းဆိုလည်း ဝယ်စားနိုင်တယ်။ နောက်ဆုံးတော့ အခြေခံလူတန်းစားတွေပဲ အခက်အခဲတွေ ခါးစည်း ရင်ဆိုင်ရတယ်" လို့ မြို့ခံပြည်သူ တစ်ဦးက ပြောပါတယ်။

အဆိုပါ အသိပေးထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တရားဝင်စာနဲ့အသိပေး အကြောင်းကြားတာ မရှိသေးတဲ့အတွက် ပြည်သူတွေအနေနဲ့ စိုးရိမ်မှုမရှိဖို့ ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဆက်လက်ပြီး တပ်မဟာ ၅၊ ကေအန်ယူ  ဆက်ဆံရေးရုံးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စောအယ်ဒိုထူးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ကမမောင်း - ဖာပွန်သွား ကားလမ်းပေါ် အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ နေ့စဥ် တိုက်ပွဲဖြစ်ပွားနေတဲ့အတွက်  KNLA ဘက်က အခုရက်ပိုင်းအတွင်း ၁ ရက်ခြားသွားလာခွင့် ခွင့်ပြုထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတွေအနေနဲ့ စားသောက်ရေးအတွက် မိမိတို့ပိုင် ဥယျာဥ်ခြံလုပ်ငန်းလုပ်ကိုင်ရာမှာ နှစ်ဖက်တိုက်ပွဲတွေပြင် မြေမြုပ်မိုင်းအန္တရာယ်ကိုပါ စိုးရိမ်နေရသလို ဒေသခံ ၂ သောင်းနီးပါးဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

6 mins Ago

May 15, 2020

ကမမောင်း-ဖာပွန်ကားလမ်း ဖြတ်သန်းသွားလာချိန် တပ်မတော် ကန့်သတ်

ကရင်ပြည်နယ်အတွင်း ကမမောင်း-ဖာပွန်သွား ကားလမ်းမကြီးကို တပ်မတော်က နယ်မြေလုံခြုံရေးအရ ဖြတ်သန်းသွားလာချိန်ကို ပိတ်ပင်ကန့်သတ်လိုက်တယ်လို့ ကရင်ပြည်နယ် ပစ်ခတ်တိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ  (JMC-s) အရပ်သားကိုယ်စားလှယ် (ဖာပွန်)ဦးမျိုးချစ်က က ဒီဗွီဘီကို ပြောပါတယ်။ မေ ၆ ရက်နေ့ကစတင်ပြီး တပ်မတော်နဲ့ ကေအန်ယူ တပ်မဟာ ၅ တို့တိုက်ပွဲဖြစ်ပွား ပြီးနောက် မေ ၈ ရက် ညနေကစတင်ကာ ကေအန်ယူဘက်က ယာဉ်သွားလာမှု  ယာယီပိတ်ထားလိုက်ပြီးနောက် တပ်မတော်ဘက်က အခုလို ဖြတ်သန်းသွားလာမှုတွေကို ကန့်သတ်လိုက်တာပါ။ ကရင်ပြည်နယ် (JMC-s)အရပ်သားကိုယ်စားလှယ်(ဖာပွန်)ဦးမျိုးချစ်က "တပ်မတော်ဘက်ကနေ ပြီးတော့ နယ်မြေလုံခြုံရေး အခြေအနေအရ ညနေ ၆ နာရီ မနက် ၆ နာရီ ပိတ်လိုက်တယ်။ ဒီလိုပစ်ခတ်တိုက်ခိုက်မှုတွေ၊ လမ်းပိတ်ဆိုမှုတွေက မေ ၁၆ ရက်နေ့ကျရင် နေပြည်တော် UPDJC မှာ ဆွေးနွေးဖို့ရှိတယ်။ ဆွေးနွေးပြီးရင်တော့ အဆင်ပြေသွားမယ်လို့ ထင်တယ်"လို့ ပြောပါတယ်။ ခရီးသွားလာမှုကို အချိန်ကန့်သတ်လိုက်တဲ့အတွက် တော်တော်ဒုက္ခရောက်တယ်လို့ ​​ဒေသခံခ ရီးသွားတွေက ပြောပါတယ်။ ဖာပွန်မြို့နယ်၊ ဝှေ့မှုန်ကျေးရွာ၊ ဦးသန်းဝင်းက "အခုက ခရီးသွားပြည်သူတွေတော်တော် ဒုက္ခရောက်တယ်။ ကျန်းမာရေးနဲ့ပတ်သက်ရင် စိုးရိမ်ရတဲ့လူနာဆိုရင် ဘယ်လိုလုပ်မလဲ"လို့ ဆိုပါတယ်။ တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်အတွင်း COVID- 19 ကာကွယ်တားဆီးရေး ရောဂါစစ်ဆေးရေးစခန်းဖွင့်လှစ်တာနဲ့ပတ်သက်ပြီး တပ်မတော်က ဝင်ရောက်ဟန့်တားပြီး ယာယီတဲတွေကို မီးရှို့ဖျက်ဆီးလိုက်တဲ့အတွက် နှစ်ဖက်တင်းမာမှုဖြစ်ပွားပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ မေ ၁၄ ရက် မနက် ၈ နာရီလောက်ကလည်း  ကမမောင်း-ဖာပွန်ကားလမ်းမကြီးဘေး ရေပူအေးစခန်းအနီးမှာ မိနစ်အနည်းငယ်လောက် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကေအန်ယူနဲ့ တပ်မတော်တို့ကြား ပစ်ခတ်မှုတွေ မကြာခဏဖြစ်ပွားနေတဲ့အတွက် စားဝတ်နေရေးအတွက် ရှာဖွေလုပ်ကိုင်စားသောက်ဖို့ အခက်အခဲဖြစ်သလို ​မြေမြုပ်မိုင်းအန္တရယ်ကိုပါ ဒေသခံတွေအနေနဲ့ စိုးရိမ်နေရပါတယ်။ နှစ်ဘက်တိုက်ပွဲတွေ အခြေအနေနဲ့ ခရီးသွားလာမှု ကန့်သတ်တာတွေနဲ့ပတ်သက်ပြီး တပ်မတော်(ရတခ) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးမောင်မောင်လတ်ကို ဆက်သွယ်မေးမြန်းရာမှာ မေးမြန်းခွင့် မရခဲ့ပါဘူး။ သတင်း-ရဲမင်းခေါင်
1 year Ago
Up