close

ကမ္ဘာဖလားဆီမီးဖိုင်နယ်

close

December 13, 2022

ကမ္ဘာဖလားဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲတွင် စတင်သုံးမည့် ဘောလုံးအသစ် ဖီဖာမိတ်ဆက်

ဒီဇင်ဘာ ၁၃ ၊​ ၁၄ ရက်တွေမှာ အာဂျင်တီးနားနဲ့ ခရိုအေးရှား၊ ပြင်သစ်နဲ့ မော်ရိုကိုအသင်းတို့ ယှဉ်ပြိုင်ကစားကြမယ့် ကာတာကမ္ဘာ့ဖလားပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ စသုံးမယ့် ဘောလုံးအသစ်ကို ဖီဖာက စတင်မိတ်ဆက်လိုက်ပါတယ်။

အဲဒီဘောလုံးကို Adidas ကုမ္ပဏီက ထုတ်လုပ်ထားပြီး အာရဗီဘာသာစကားနဲ့ Al Hilm ရွှေရောင် အိပ်မက်လို့ အဓိပ္ပါယ်ရပါတယ်။​

ဒီဘောလုံးမှာ နောက်ထပ်ထူးခြားတာကတော့ ရေကိုအခြေခံတဲ့ဆေးရောင်သက်သက်ကို အသုံးပြုထားတဲ့ ပထမဆုံးဘောလုံးလည်းဖြစ်တယ်လို့ ဖီဖာက ဆိုထားပါတယ်။​

ဘောလုံးဒီဇိုင်းမှာ ရွှေရောင်အဓိကသုံးထားတဲ့အပြင် ကာတာအလံရဲ့ ဒီဇိုင်းအခြေခံ ဒေါင့်ချိုးတွေ ကမ္ဘာဖလားဆုတံဆိပ်အရောင်နဲ့ အရှေ့အလယ်ပိုင်း သဲကန္တာရရဲ့ သဲတောင်စွယ်အကွေ့အချိုး အငွေ့အသက်တွေပါဝင်တဲ့ တြိဂံပုံ အဆင်အကွက်တွေနဲ့ တန်ဆာဆင်ထားပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားရဲ့ အုပ်စုအဆင့်ပွဲစဉ်တွေကတည်းက ကွာတားအဆင့်ရှုံးထွက်ပွဲစဉ်တွေအထိ အသုံးပြုခဲ့တဲ့ ဘောလုံးကိုလည်း Adidas ကပဲထုတ်လုပ်ထားပြီး သူ့ကိုတော့ Al Rihla (The Journey) ခရီးရှည်လို့ နာမည်ပေးထားပါတယ်။

အဆိုပါ ဘောလုံးအမျိုးအစားနှစ်ခုစလုံးဟာ စမတ်ဖုန်းတွေလိုပဲ အသုံးမပြုခင် ဘက်ထရီဓာတ်အားသွင်းပေးရတာဖြစ်ပြီး  အာရုံခံစနစ်နည်းပညာတွေ ထည့်သွင်းထုတ်လုပ်ထားကာ “Connected Ball” လို့ခေါ်ပါတယ်။ 

ဘောလုံကို စောင့်ကြည့်ကင်မရာတွေနဲ့ ကွန်ပြူတာစနစ်တွေအားလုံးနဲ့ စဉ်ဆက်မပြတ်ဆက်သွယ်နေပြီး တစက္ကန့်အတွင်းမှာ အချက်အလက် ပေးပို့မှုပေါင်း ၅၀ ကျော်ရှိပါတယ်။ 

ဘောလုံးသမားရဲ့ ကန်ချက်အပြင်းအပျော့ တနာရီမိုင်နှုန်း ဘယ်လောက်ထိ ကန်ချက်ပြင်းတယ်ဆိုတာတွေကိုလည်း ခြေရာခံနိုင်တဲ့ အဲဒီဘောလုံးကြောင့် အငြင်းပွားစရာ ပေါ်တူဂီအသင်းရဲ့ဂိုးမှာ စီရော်နယ်ဒိုလ်ရဲ့ ခေါင်းတိုက်ချက်ဟာ ဘောလုံးနဲ့ မထိခဲ့တဲ့အကြောင်း ဖီဖာက အချက်အလက်တွေနဲ့ ထုတ်ပြန်နိုင်ခဲ့ပါတယ်။ 

Adidas ကုမ္ပဏီကတော့​ အဲဒီ Al Hilm ဘောလုံးသစ်အမျိုးအစားထဲက Al Hilm Pro ဘောလုံး တလုံးကို ကို အမေရိကန်ဒေါ်လာ ၁၇၀ နဲ့ စတင်ရောင်းချနေပါတယ်။ 

Photo Credit- Adidas 

8 mins Ago
Up