close

ကမ္ဘာလုံးဆိုင်ရာမြန်မာ့နွေဦးတော်လှန်ရေး

close

June 13, 2021

နယ်သာလန်တွင် ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး လှုပ်ရှားမှုပြုလုပ်

နယ်သာလန်နိုင်ငံ၊ ဒန်းဟတ်မြို့မှာ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး လှုပ်ရှားမှုကို ဇွန်လ ၁၂ ရက်​နေ့က ပြုလုပ်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

မတရားဖမ်းဆီးခံရသူတွေကို ချက်ချင်းလွှတ်​ပေးဖို့၊ အမျိုးသားညီညွတ်​ရေးအစိုးရအား နယ်သာလန်နိုင်ငံက အသိအမှတ်ပြု​ပေးဖို့၊ မြန်မာနိုင်ငံမှာ အကြမ်းဖက်ခံရတဲ့ အခြေအနေကို  ကမ္ဘာကသိဖို့ ပြုလုပ်ရတာလို့ ဒီလှုပ်ရှားမှုမှာပါဝင်သူတွေက ပြောပါတယ်။

ဒီလှုပ်ရှားမှုကို နယ်သာလန်ရောက် မြန်မာအသိုက်အဝန်းနဲ့ နယ်သာလန်ရောက် မြန်မာသားတိုင်းရင်းသားတွေ (MENC-NL) တို့  ပူးပေါင်းပြုလုပ်တာဖြစ်ပါတယ်။

ဒါ့အပြင် နယ်သာလန်နိုင်ငံသားတွေလည်း  ပူးပေါင်းပါဝင်ခဲ့ကြပြီး ဘာသာပေါင်းစုံ ဆုတောင်းတာ၊ ကြွေးကြော်သံတွေ ကြွေးကြော်တာနဲ့ ကမ္ဘာမကြေဘူးသီချင်း သီဆိုတာတွေပြုလုပ်ကြပါတယ်။

6 mins Ago
Up