close

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး

close

November 15, 2022

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး မပြေလည်မှု ရုရှား၌ တာဝန်ရှိဟု ကနေဒါဝန်ကြီးချုပ် ဝေဖန်

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမပြေလည်မှုတွေအတွက် ရုရှားရဲ့ တာဝန်ကို ရေရေလည်လည် ရှင်းရှင်းလင်းလင်း ပြောဆိုတာဟာ လာမယ့် G20 ထိပ်သီးအစည်းအဝေးရဲ့ အာရုံစူးစိုက်မှု တစ်ခုဖြစ်တယ်လို့ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးက  နိုဝင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။

ကမ္ဘာ့စီးပွားရေးအင်အားကြီး ထိပ်သီးနိုင်ငံ ၂၀ အဖွဲ့ G20 ထဲက နိုင်ငံတွေအားလုံးဟာ နိုင်ငံသား တွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအတွက် ရုရှားရဲ့တာဝန်ကို နားလည်တာ သေချာစေဖို့ အာရုံစူးစိုက်မှုက အလွန်အရေးကြီးတယ်လို့ ထရူးဒိုးက အာဆီယံ ခေါင်းဆောင်များ ညီလာခံမှာ ပြောခဲ့ပါတယ်။

ကမ္ဘာ့စီးပွားရေးခေါင်းဆောင် နိုင်ငံ ၂၀ ရဲ့ အစည်းအဝေးမတိုင်မီ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကမ္ဘာ့ခေါင်းဆောင်တွေ စုဝေးနေကြချိန်မှာ သူက ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ 

2 mins Ago
Up