close

ကမ္ဘာလုံးဆိုင်ရာ

close

May 8, 2023

ကမ္ဘာလုံးဆိုင်ရာ ပရဟိတ အပြေးပြိုင်ပွဲတွင် ကစားသမား ၂ သိန်းကျော် ပါဝင်ယှဥ်ပြိုင်

ကမ္ဘာတဝန်းရှိ အားကစားသမားပေါင်း ၂ သိန်းကျော်ဟာ မေ ၇ ရက်က ကမ္ဘာလုံးဆိုင်ရာ   ပရဟိတ အပြေးပြိုင်ပွဲကြီးတခုဖြစ်တဲ့ Wings For Life World Run မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

၁ဝ ကြိမ်မြောက်ကျင်းပတဲ့ ဒီပြိုင်ပွဲကြီးကို ကျောရိုးပင်မအာရုံကြောဆိုင်ရာ သုတေသနအတွက် ရန်ပုံငွေရှာဖွေဖို့ ရည်ရွယ်ထားတာပါ။

ဒီပရဟိတအပြေးပြိုင်ပွဲကြီးကို နိုင်ငံပေါင်း ၁၅၈ နိုင်ငံမှာ တပြိုင်နက် ကျင်းပခဲ့တာဖြစ်ပြီး မတူညီတဲ့ ၁၉၂ နိုင်ငံက အားကစားသမားပေါင်း ၂၀၆,၇၂၈ အထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ကမ္ဘာ့အကြီးမားဆုံး အပြေးပြိုင်ပွဲကြီးကို ဂရင်းနစ်စံတော်ချိန် မနက် ၁၁ နာရီမှာ စပြီး တာလွှတ်ခဲ့ပေမဲ့လည်း ပန်းတိုင်ကို မသတ်မှတ်ထားပါဘူး။

ဒီပြိုင်ပွဲစတင်ပြီး မိနစ် ၃၀ အကြာမှာ ကားတစီးက နောက်ကလိုက်ပြီး အပြေးသမားတွေ ပြေးနိုင်သမျှ အကွာအဝေးကို သတ်မှတ်ပေးတာ ဖြစ်ပါတယ်။

အမျိုးသား အားကစားသမားတွေထဲမှာ အဝေးဆုံးပြေးနိုင်ခဲ့သူက ဂျပန်နိုင်ငံသား ဂျို ဖူကူဒါ ဖြစ်ပြီး တိုကျိုမြို့ ရှင်းဂျုကုစီးတီးက ပြိုင်ပွဲအတွင်း ၆၉ ဒသမ ၀၁ ကီလိုမီတာအထိ ပြေးနိုင်ခဲ့ပါတယ်။ ဒါဟာ သူ့အတွက် ဒီပြိုင်ပွဲမှာ ဒုတိယမြောက် အနိုင်ရရှိမှုလည်း ဖြစ်ပါတယ်။

အမျိုးသမီး အားကစားသမားတွေထဲမှာတော့ ပိုလန်နိုင်ငံသူ ကာရှာ ရှကော့ဒါက ၅၅ ဒသမ ၀၇ ကီလိုမီတာနဲ့ အဝေးဆုံးပြေးနိုင်ခဲ့ပြီး ပိုလန်နိုင်ငံ၊ ပို့ဇ်နန်မြို့က ပြိုင်ပွဲအတွင်း ၃ နာရီ ၂၉ မိနစ် ၂၂ စက္ကန့်ကြာ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

8 mins Ago

October 30, 2022

နယူးယောက်တွင်ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ မြန်မာကျောင်းသားသပိတ် (ဓာတ်ပုံ)

ကမ္ဘာလုံးဆိုင်ရာမြန်မာကျောင်းသားသပိတ်ကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့လယ်ရှိ  Time Square ရင်ပြင်မှာ အောက်တိုဘာ ၂၉ ရက် မွန်းလွဲပိုင်းက  ကျင်းပပါတယ်။

NYCBC က ဦးဆောင်ကျင်းပတဲ့ ဒီဆန္ဒပြပွဲကို အမေရိကန်ရောက် မြန်မာပြည်ဖွား တိုင်းရင်းသားပေါင်းစုံနဲ့အတူ အီရန်နဲ့ ယူကရိန်းအရေး တက်ကြွလှုပ်ရှားသူတွေ ထောင်နဲ့ချီပြီး ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

Photo Credit- NYCBC

6 months Ago
Up