ဘိုလီးဗီးယားနိုင်ငံမှာ မိုးခေါင်ရေရှားနေလို့ လာအန်ဂိုစတူရာဆည်ထဲက ရေတွေကို ဘယ်လိုသုံးမလဲဆိုတာနဲ့ပတ်သက်ပြီး လယ်သမားတွေနဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းခွင်ထဲက လှေလုပ်ငန်းရှင်တွေ ပဋိပက္ခဖြစ်နေကြပါတယ်။
လယ်သမားတွေနဲ့ နွားနို့ထုတ်လုပ်ရေး လုပ်ငန်းရှင်တွေက သူတို့ ကောက်ပဲသီးနှံတွေနဲ့ နွားတွေအတွက် ဆည်ရေလွှတ်ပေးဖို့ တောင်းဆိုနေကြတာဖြစ်ပြီး ခရီးသွားလုပ်ငန်းရှင်တွေကတော့ ဆည်ရေလွှတ်ပေးဖို့ ငြင်းနေကြပါတယ်။
ဒီဆည်ဟာ ငါးဖမ်းသမားတွေ၊ စားသောက်ဆိုင်ရှင်တွေနဲ့ လှေလုပ်ငန်းရှင်တွေကို အလုပ်အကိုင် ပေးနေတဲ့ ခရီးသွားလုပ်ငန်းအတွက် ဆွဲဆောင်မှု တရပ်လည်း ဖြစ်နေပါတယ်။
ဒါပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့် ခရီးသွားလုပ်ငန်းက ရပ်တည်ဖို့ ခဲယဉ်းနေပါတယ်။ ဆန္ဒပြသူတွေက ရေပြတ်လပ်တဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုနေကြပါတယ်။
လယ်သမားအဖွဲ့အစည်းတွေက ကိုချာဘမ်ဘာဒေသက အဝေးပြေးလမ်းတွေကို သြဂုတ် ၂၃ ရက်က ပိတ်ဆို့ထားတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။