close

ကမ္ဘာ့ဒုတိယအကြီးဆုံး

close

April 25, 2023

မက္ကဆီကိုကမ်းရိုးတန်း၌ ကမ္ဘာ့ဒုတိယအကြီးဆုံး တွင်းပြာကြီး တွေ့ရှိ

သိပ္ပံပညာရှင်တွေဟာ မက္ကဆီကိုကမ်းရိုးတန်းမှာရှိတဲ့ ချယ်တူမယ်‌ပင်လယ်အော်မှာ ကမ္ဘာ့ဒုတိယအကြီးဆုံး အပြာရောင်တွင်းကြီးကို တွေ့ရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

တမ်ဂျာလို့ လူသိများပြီး “ရေနက်” လို့ အဓိပ္ပာယ်ရတဲ့ အဲဒီတွင်းပြာကြီးဟာ စုစုပေါင်း အနက် ၉၀၀ ဒသမ ၂ ပေ (၂၇၄ ဒသမ ၄ မီတာ) အရှည်ရှိပြီး ဟော်စတွန်က ဝီလီယံမျှော်စင် အကွာအဝေးနဲ့ တူပါတယ်။

တွင်းပြာနမူနာနဲ့ စစ်တမ်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာလက ပြုလုပ်ခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ် မှာတော့ သုတေသီတွေက တွင်းပြာတည်ရှိမှုကို ထုတ်ဖော်ပြသနိုင်ခဲ့ပါတယ်။

မက္ကဆီကိုနိုင်ငံရှိ သုတေသနစင်တာအဖွဲ့က “ဒါက Taam ja' blue hole (TJBH) လို့ အမည်ပေးထားတဲ့ ကမ္ဘာ့ဒုတိယအကြီးဆုံး တွင်းပြာကြီး ဖြစ်လာပါတယ်။ TJBH ရဲ့ မူလဇာစ်မြစ်နဲ့ ဘူမိဗေဒဆိုင်ရာ ဆင့်ကဲဖြစ်ရပ်ကို နောက်ထပ်စုံစမ်းဖို့ ထိုက်တန်ပါတယ်” လို့ ဆိုပါတယ်။

တွင်းပြာတွေဟာ သန္တာတွေ၊ ရေမြှုပ်၊ ခရုတွေနဲ့၊ ပင်လယ်လိပ်၊ ငါးမန်းနဲ့ တခြားသတ္တဝါအမျိုးအစားတွေနဲ့ ပြည့်နေတဲ့ ဇီဝမျိုးစုံမျိုးကွဲ အသိုင်းအဝိုင်းတခု ဖြစ်ပါတယ်။

တွင်းပြာတွေဟာ ပင်လယ်ရေနက်ပိုင်း ရေငုပ်သမားတွေကြောင့် ရေပန်းစား ကျော်ကြားပေမဲ့ သူတို့ရဲ့အနက်ကို ကျော်လွန်ဖို့ ကြိုးစားရင်တော့ အသက်အန္တရာယ် ရှိနိုင်ပါတယ်။

ကမ္ဘာ့အနက်ဆုံးတွင်းပြာကြီးကတော့ တရုတ်နိုင်ငံ ကမ်းရိုးတမ်းမှာ တည်ရှိပြီး အနက် ၉၈၇ ပေ (၃၀၀ ဒသမ ၈၉ မီတာ) ထိ တိုင်းတာလို့ မရသေးပါဘူး။

Source - Daily Mail

8 mins Ago
Up