close

ကမ္ဘာ့ဖလားချန်ပီယံဆု

close

December 20, 2022

ကမ္ဘာ့ဖလားချန်ပီယံဆုနှင့်လွဲခဲ့တဲ့ ပြင်သစ်ကစားသမားများ လူမျိုးရေးခွဲခြားခံရ

ကမ္ဘာ့ဖလားချန်ပီယံဆုနဲ့လွဲခဲ့တဲ့ပြင်သစ်ကစားသမားတွေဟာ အသင်းပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှု ခံခဲ့ရပါတယ်။

ပင်နယ်တီအဆုံးအဖြတ်ခံယူရမှာ ဂိုးဝင်အောင်မသွင်းနိုင်ခဲ့တဲ့ ပြင်သစ်ကစားသမားတွေဖြစ်တဲ့ ကိုမန်၊ ချူအာမန်နီတို့ကို ဆိုရှယ်မီဒီယာတွေကနေ လူမျိုးရေးခွဲခြားခံခဲ့ရတာပါ။

ဒါ့အပြင် တိုက်စစ်မှူး မူအမ်နီကိုလည်း အပိုင်အခွင့်အရေးတွေလွဲချော်ခဲ့တယ်ဆိုပြီး ပရိသတ်တွေကဆိုရှယ် မီဒီယာကနေ ဆဲဆိုဝေဖန်မှုတွေ၊ အီမိုဂျီပုံတွေနဲ့ လူမျိုးရေးခွဲခြားစော်ကားတဲ့ မှတ်ချက်များရေးခဲ့ ကြတာပါ။

အဆိုပါပြစ်သစ်ကစားသမားတွေဟာ သူတို့ရဲ့ ဆိုရှယ်မီဒီယာတွေကို ပိတ်သိမ်းခဲ့ရပြီး လက်ရှိ အချိန်မှာတော့ မှတ်ချက်တွေကိုဖျက်ကာ ပြန်ဖွင့်ထားတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲဗိုလ်လုပွဲမှာလည်း လူစားဝင်ကစားပြီးနောက် ပင်နယ်တီမဝင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်နဲ့ ဆာကာတို့ဟာ အလားတူ လူမျိုးရေးခွဲခြားမှုတွေခံခဲ့ရပါတယ်။ 

1 min Ago
Up