close

ကမ္ဘာ့ဖလားဘောလုံးပွဲ

close

October 13, 2022

အိမ်ခြေမဲ့ကလေးများ ကမ္ဘာ့ဖလားဘောလုံးပွဲ ကာတာတွင်ကျင်းပ

ကာတာနိုင်ငံ ဒိုဟာမြို့မှာ စတုတ္ထအကြိမ်ကျင်းပတဲ့ အိမ်ခြေမဲ့ကလေးများ ကမ္ဘာ့ဖလားဘောလုံးပွဲကို နိုင်ငံပေါင်း ၂၅ နိုင်ငံက ကလေးတွေပါဝင်ပြီး စတင်ကျင်းပနေပါတယ်။

ကမ္ဘာ့အထိခိုက်အလွယ်ဆုံး ကလေးတချို့ကို ကိုယ်စားပြုတဲ့ ကမ္ဘာတဝန်းက ဘောလုံးအသင်းတွေ ပြိုင်ပွဲမှာ ပါဝင်ခဲ့ကြတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

ဗြိတိန်က ပရဟိတအဖွဲ့ Street Child United တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် ဂျွန်ရိုးက “ဘောလုံးက ကျနော်တို့ကို စည်းလုံးစေတယ်။ ကမ္ဘာ့ဖလားဘောလုံးပွဲမှာ ဒီလူငယ်တွေဟာ သူတို့နိုင်ငံအတွက် ကစားကြတဲ့အခါ အိမ်ရှိတဲ့လူတွေက နားထောင်ပြီး သူတို့အတွက် ရပ်တည်ပြီး အပြောင်းအလဲတွေ လုပ်ကြတယ်” လို့ ပြောပါတယ်။

ဖီဖာ ကမ္ဘာ့ဖလားကို အိမ်ရှင်နိုင်ငံတွေမှာ ကျင်းပတဲ့ အစဉ်အလာအရ အရင်ပြိုင်ပွဲတွေကို ၂၀၁၈ ခုနှစ်မှာ ရုရှား၊ ၂၀၁၄ ခုနှစ်မှာ ဘရာဇီးနဲ့ ၂၀၁၀ ခုနှစ်က တောင်အာဖရိကနိုင်ငံတို့မှာ ကျင်းပခဲ့ပါတယ်။

အခုနှစ်အတွက် ကာတာဖောင်ဒေးရှင်းရဲ့ ပညာရေးမြို့တော်မှာ ကမ္ဘာ့ဖလား ဘောလုံးပွဲကို ကျင်းပမှာပါ။

ပြိုင်ပွဲမှာ ယောက်ျားလေးအသင်း ၁၅ သင်းနဲ့ မိန်းကလေးအသင်း ၁၃ သင်း ပါဝင်မှာဖြစ်ပြီး ၁၀ သင်းကတော့ ဒုက္ခသည် ဒါမှမဟုတ် အိုးမဲ့အိမ်မဲ့ကလေးတွေကို ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဗြိတိန်အခြေစိုက် ပရဟိတအဖွဲ့ Street Child United က ကြီးမှူးပြီး ဒိုဟာမြို့မှာရှိတဲ့ ကာတာဖောင်ဒေးရှင်းနဲ့ ပူးပေါင်းကာ ပြိုင်ပွဲကို အောက်တိုဘာ ၈ ရက်မှ ၁၅ ရက်အထိ ကျင်းပနေတာ ဖြစ်ပါတယ်။

15 mins Ago

October 16, 2021

ကမ္ဘာ့ဖလားဘောလုံးပွဲ နှစ်နှစ် တကြိမ် ကျင်းပရန် သေချာလေ့လာနေဟု ဖီဖာဥက္ကဋ္ဌ ပြော

ဝေဖန်မှုတွေကြားကပဲ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကို နှစ်နှစ် တကြိမ် ကျင်းပဖို့အတွက် စဉ်းစားချက်ကို သေချာလေ့လာနေတယ်လို့ ဖီဖာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနိုက မနေ့က ပြောပါတယ်။

ဒီလို ကျင်းပနိုင်ဖို့ ဖြစ်နိုင်ခြေ  ရှိ၊ မရှိကို လေ့လာနေတယ်လို့ ဆိုပါတယ်။ ဖီဖာ ဥက္ကဋ္ဌရဲ့ ကြေညာချက်အရ နှစ်နှစ် တကြိမ် ကျင်းပဖို့ အဆိုပြုချက် မူကြမ်းကို သုံးသပ်နေပြီး အစိုးရတွေနဲ့ နောက်ထပ် စုံစမ်းလေ့လာသူတွေလည်း ပါဝင်သုံးသပ်နိုင်အောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒီလို ကမ္ဘာဖလားကို နှစ်နှစ် တကြိမ် ကျင်းပဖို့ စဉ်းစားချက်နဲ့ ပတ်သက်လို့ ဖီဖာအဖွဲ့ချုပ်ကို တခြား ဘောလုံးအဖွဲ့ချုပ်တွေ၊ ကလပ်တွေ၊ ဘောလုံးသမားတွေနဲ့ ဘောလုံးပရိသတ်တွေက ဝေဖန်နေပါတယ်။

အခုအထိတော့ ကမ္ဘာ့ဖလား ဘောလုံးပွဲကို လေးနှစ် တကြိမ် ကျင်းပနေတာပါ။ လာမယ့် ၂၀၂၂ နိုဝင်ဘာမှာ ကျင်းပမယ့် ကမ္ဘာဖလားဘောလုံးပွဲကိုတော့ ကာတာနိုင်ငံက လက်ခံကျင်းပမှာ ဖြစ်ပြီး ကိုဗစ်ရောဂါ ကပ်ဘေးကြားထဲကပဲ ထိုင်ခုံ မလောက်အောင် အားပေးကြလိမ့်မယ်လို့ ကာတာ အရာရှိတွေက ပြောပါတယ်။

12 months Ago
Up