ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ပူပူနွေးနွေးရရှိထားတဲ့ ပြင်သစ်တိုက်စစ်မှူး ဘင်ဇီမာဟာ ပေါင်ခြံဒဏ်ရာကြောင့် သြစတြေးလျအသင်းနဲ့ ကစားမယ့် ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်ကို လွဲချော်တော့မှာပါ။
ရီးရဲလ်မက်ဒရစ်အသင်းမှာကတည်းက နောက်ဆုံး ၂ ပွဲဆက်တိုက်လွဲချော်ခဲ့တဲ့ ဘင်ဇီမာဟာ ပြင်သစ်အသင်းနဲ့ ပထမဆုံးအကြိမ် အသင်းလိုက်လေ့ကျင့်ခန်းလုပ်စဉ်မှာ ဒဏ်ရာထပ်မံရရှိခဲ့တာပါ။
ဒဏ်ရာအခြေအနေကို ထပ်မံစစ်ဆေးသွားရမှာဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက်မှာကစားမယ့် သြစတြေးလျအသင်းနဲ့ ပွဲစဉ်ကို လွဲချော်မှာဖြစ်သလို နောက်ထပ်ပွဲစဉ်တချို့ကိုလည်း ပါဝင်နိုင်ဖို့ မသေချာသေးပါဘူး။
ပြင်သစ်အသင်းမှာ နောက်ထပ်တိုက်စစ်မှူးတစ်ဦးဖြစ်သူ အန်ကမ်ကူဟာလည်း ဒဏ်ရာကြောင့် လူစာရင်းကနေနုတ်ထွက်ခဲ့ရပြီး နောက်ခံလူ ဗာရန်းဟာလည်း တစ်ဦးတည်းလေ့ကျင့်ခန်းတွေကိုပဲ ပြုလုပ်နေရတာပါ။
ပြင်သစ်အသင်းဟာ ဘင်ဇီမာမပါဝင်နိုင်ချိန်မှာ အေစီမီလန်တိုက်စစ်မှူး အိုလီဗီယာဂျရူးကို အစားထိုးအသုံးပြုသွားဖို့ရှိပါတယ်။