close

ကမ္ဘာ့ဖလား ခြေစစ်ပွဲ

close

May 28, 2021

ဂျပန်က မြန်မာကို ၁၀ ဂိုးပြတ်အနိုင်ရ

ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် ဂျပန်နဲ့မြန်မာလက်ရွေးစင်အသင်းတို့ ဒီနေ့ညနေ ယှဉ်ပြိုင်ကစားကြရာမှာ ဂျပန်အသင်းက မြန်မာအသင်းကို ၁၀ ဂိုး ပြတ် အနိုင်ရသွားပါတယ်။

ဂျပန်အသင်းက ပထမပိုင်းမှာ ပင်နယ်တီ ၁ ဂိုးအပါအဝင် ၄ ဂိုးသွင်းယူပြီး ဒုတိယပိုင်းမှာတော့  ၆ ဂိုးထပ်သွင်းယူပြီး စုစုပေါင်း ၁၀ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားတာပါ။

ပွဲမစတင်မီ မြန်မာဘောလုံးအသင်းသား တစ်ဦးက လက်သုံးချောင်း သင်္ကတနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဂျပန်ရောက် မြန်မာပရိသတ်တွေကတော့ ပွဲမစတင်ကတည်းက ကွင်းပြင်မှာ  မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို လာရောက် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

10 hours Ago

ဂျပန်နှင့် မြန်မာအသင်း ပွဲမစတင်မီ ဂျပန်ရောက်မြန်မာပရိသတ်များ ဆန္ဒပြ

ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် ဂျပန်နဲ့မြန်မာလက်ရွေးစင်အသင်းတို့ ဒီနေ့ညနေ စတင်ယှဉ်ပြိုင်ကစားနေကြပြီဖြစ်ပြီး ပွဲမစတင်မီ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို ဂျပန်ရောက် မြန်မာပရိသတ်တွေက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

12 hours Ago

September 11, 2019

ကမ္ဘာ့ဖလား ခြေစစ်ပွဲ မြန်မာနှင့်ဂျပန်အသင်းတို့ပွဲစဉ်တွင် ပရိသတ်တဦး ကွင်းတွင်းဝင်ရောက် (ရုပ်သံ)

ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းမှာ နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာအသင်းနဲ့ ဂျပန်အသင်းတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အတွင်း ပရိသတ်တဦး ကွင်းထဲ ဝင်ရောက်ခဲ့ပါတယ်။ ပထမပိုင်း မိနစ် ၃၀ ကျော်လောက်မှာ အင်္ကျီချွတ်ထားတဲ့ ပရိသတ်တဦး ဝင်ရောက်ခဲ့တာဖြစ်ပြီး မြန်မာကစားသမားတွေနဲ့ ကွင်းလုံခြုံရေးတွေက ကွင်းပြင်ကို ပြန်လည် ခေါ်ထုတ်ခဲ့ရပါတယ်။ မနေ့ညက ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုအက်ဖ် ခြေစစ်ပွဲစဉ်မှာတော့ အိမ်ရှင်မြန်မာအသင်းက ဂျပန်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ မြန်မာအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုအက်ဖ်မှာ ဂျပန်နဲ့ မွန်ဂိုးလီးယားတို့ကို ရှုံးနိမ့်ထားပါတယ်။ မြန်မာအသင်းဟာ အုပ်စုတွင်းမှာ တာဂျစ်စတန်၊ ကာဂျစ်စတန်တို့နဲ့ ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲကို အိမ်ကွင်း အဝေးကွင်း စနစ်နဲ့ ယှဉ်ပြိုင်ကစားနေတာပါ။
Zawgyi Version ကမာၻ႔ဖလား ေျခစစ္ပြဲ ျမန္မာႏွင့္ဂ်ပန္အသင္းတို႔ပြဲစဥ္တြင္ ပရိသတ္တဦး ကြင္းတြင္းဝင္ေရာက္ (႐ုပ္သံ) ရန္ကုန္ၿမိဳ႕ သုဝဏၰေဘာလုံးကြင္းမွာ ေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ျမန္မာအသင္းနဲ႔ ဂ်ပန္အသင္းတို႔ ကမာၻ႔ဖလား ေျခစစ္ပြဲစဥ္အတြင္း ပရိသတ္တဦး ကြင္းထဲ ဝင္ေရာက္ခဲ့ပါတယ္။ ပထမပိုင္း မိနစ္ ၃၀ ေက်ာ္ေလာက္မွာ အက်ႌခြၽတ္ထားတဲ့ ပရိသတ္တဦး ဝင္ေရာက္ခဲ့တာျဖစ္ၿပီး ျမန္မာကစားသမားေတြနဲ႔ ကြင္းလုံၿခဳံေရးေတြက ကြင္းျပင္ကို ျပန္လည္ ေခၚထုတ္ခဲ့ရပါတယ္။ မေန႔ညက ကမာၻ႔ဖလားေျခစစ္ပြဲ အုပ္စုအက္ဖ္ ေျခစစ္ပြဲစဥ္မွာေတာ့ အိမ္ရွင္ျမန္မာအသင္းက ဂ်ပန္အသင္းကို ၂ ဂိုး ဂိုးမရွိနဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။ ျမန္မာအသင္းဟာ ကမာၻ႔ဖလားေျခစစ္ပြဲ အုပ္စုအက္ဖ္မွာ ဂ်ပန္နဲ႔ မြန္ဂိုးလီးယားတို႔ကို ရႈံးနိမ့္ထားပါတယ္။ ျမန္မာအသင္းဟာ အုပ္စုတြင္းမွာ တာဂ်စ္စတန္၊ ကာဂ်စ္စတန္တို႔နဲ႔ ဆက္လက္ ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။ ကမာၻ႔ဖလားေျခစစ္ပြဲကို အိမ္ကြင္း အေဝးကြင္း စနစ္နဲ႔ ယွဥ္ၿပိဳင္ကစားေနတာပါ။
2 years Ago
Up