close

ကမ္ဘာ့အကောင်းဆုံးဂိုးသမား

close

September 12, 2022

ကာဆီးလက်စ်အကြိုက် ကမ္ဘာ့အကောင်းဆုံးဂိုးသမား ၅ ဦးရွေးချယ်ရာတွင် လီဗာပူးဂိုးသမားမပါဝင်

စပိန်နဲ့ ရီးလ်မက်ဒရစ် ဂန္ထဝင်ဂိုးသမားကြီးကာဆီးလက်စ်က သူ့အကြိုက် ကမ္ဘာ့အကောင်းဆုံးဂိုးသမား ၅  ယောက်ကို ရွေးချယ်ခဲ့ရာမှာ လီဗာပူးဂိုးသမား အလက်ဆန်ကို ချန်လှပ်ခဲ့ပါတယ်။

ကာဆီးလက်စ်ရဲ့ အမြင်အရ ရီးရဲလ်မက်ဒရစ်အသင်းသား ဘယ်လ်ဂျီယံဂိုးသမား ကော့တွိုက်ကို ကမ္ဘာ့အကောင်းဆုံး ဂိုးသမားအဖြစ်ရွေးချယ်ခဲ့ပြီး မန်စီးတီးဂိုးသမား အီဒါဆန်ကို ဒုတိယနေရာမှာ ရွေးချယ်ခဲ့ပါတယ်။

တတိယအကောင်းဆုံးဂိုးသမားအနေနဲ့ အက်သလက်တီကို မက်ဒရစ်ဂိုးသမား ဂျန်အိုဘလက်ခ်ကို ရွေးချယ်ခဲ့ပါတယ်။

အဲဒီနောက်မှာ ဘာစီလိုနာဂိုးသမား စတီဂျန်နဲ့ ဘိုင်ယန်မြူးနစ်ဂိုးသမား နူအာတို့ကို ကာဆီးလက်စ်က ရွေးချယ်ပေးခဲ့ပါတယ်။

ထိပ်တန်းဂိုးသမားတစ်ဦးအဖြစ်သတ်မှတ်ခံထားရတဲ့ လီဗာပူးဂိုးသမား အလက်ဆန်ကိုတော့ ကာဆီးလက်စ်အနေနဲ့ ထိပ်ဆုံး ၅ ဦးစာရင်းမှာတောင် ထည့်သွင်းခြင်းမရှိခဲ့တာဖြစ်ပါတယ်။

10 mins Ago

November 17, 2020

ကမ္ဘာ့အကောင်းဆုံးဂိုးသမားဟာ မန်နျူယန်နျူအာဟု အာဆင်နယ် ဂိုးသမား လီနို ပြော

ပြီးခဲ့တဲ့ နှစ် ၃၀၊ ၄၀ အတွင်း မန်နျူယန်နျူအာဟာ အကောင်းဆုံး ဂိုးသမားဖြစ်တယ်လို့ အာဆင်နယ်အသင်းရဲ့ နံပါတ် ၁ ဂိုးသမား ဘရန့်လီနိုက ပြောပါတယ်။ ဂျာမနီလက်ရွေးစင်အသင်းမှာ နျူအာရဲ့နောက် ဒုတိယဦးစားပေးအဖြစ် ကစားနေရတာ သူ့အတွက် ပြဿနာမရှိဘူးလို့ လီနိုက ထပ်မံပြောဆိုခဲ့ပါတယ်။  နျူအာဟာ ၂၀၁၁ ခုနှစ်မှာ ရှော်ကေးအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းကို ရောက်ရှိလာခဲ့ပြီး အဲဒီအချိန်ကစလို့ နိုင်ငံအသင်းနဲ့ ကလပ်အသင်းတို့မှာ အမြင့်ဆုံးအောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ် ဂိုးသမားဟာ ဘိုင်ယန်အသင်းနဲ့အတူ ချန်ပီယံလိဂ်၊ ဘွန်ဒက်စ်လီဂါ ဖလားတွေ အပါအဝင် ဆုဖလား ၂၃ လုံးကို ရရှိခဲ့ပြီး ဂျာမနီ လက်ရွေးစင်အသင်းနဲ့အတူ ၂၀၁၄ မှာ ကမ္ဘာ့ဖလား ဆွတ်ခူးခဲ့ပါတယ်။ နျူအာဟာ သူ့ရဲ့စွမ်းဆောင်ရည်ကြောင့် ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ဂျာမနီအသင်းအတွက် ပထမဦးစားပေး ဂိုးသမားဖြစ်ခဲ့ပြီး ဂျိုအာချင်လိုးရဲ့အသင်းမှာ ဦးစားပေးအဖြစ် ဆက်ရှိနေဖို့လည်း သေချာသလောက် ရှိပါတယ်။  သူဟာ ယူကရိန်းနဲ့ ကစားခဲ့တဲ့ စနေနေ့ပွဲမှာ လက်ရွေးစင်အသင်းအတွက် ၉၅ ပွဲမြောက် ပွဲထွက်ခွင့်ကို ရရှိခဲ့ပြီး လီနိုကတော့ ဒီပွဲကို အရန်ကစားသမားအဖြစ်သာ ကြည့်ရှုခဲ့ရပါတယ်။ ဒါပေမဲ့ အာဆင်နယ် ဂိုးသမားကတော့ သူဟာ အကောင်းဆုံးဂိုးသမားနောက် ဒုတိယဦးစားပေးအဖြစ် ရှိနေတယ်လို့ လက်ခံထားကြောင်း ပြောပါတယ်။ “ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါဟာ ခက်ခဲပါတယ်။ ဒါပေမဲ့ ကျနော် ဘယ်သူနဲ့ယှဉ်ပြိုင်နေရလဲ ဆိုတာကိုလည်း သိထားပါတယ်။ ဒါ့ကြောင့် အခုအခြေအနေကို လက်ခံနိုင်ပါတယ်။ အားလုံးကိုခြုံပြောရရင် ကျနော်ဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားရဲ့နောက်မှာ ရှိနေတာပါ။ နျူအာဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၀၊ ၄၀ အတွင်း အကောင်းဆုံးဂိုးသမား ဖြစ်တယ်လို့ ထင်ပါတယ်။ ကျနော် လျှောက်ပြောနေတာမျိုး မဟုတ်ပါဘူး။ သေချာမြင်အောင်ကြည့်ပါ” လို့လည်း လီနိုက ပြောပါတယ်။  ဂျာမနီအသင်းဟာ အင်္ဂါနေ့ စပိန်နဲ့ပွဲမှာ စပိန်အသင်းကို မရှုံးအောင် ကစားနိုင်မယ်ဆိုရင် Nations League ပွဲရဲ့ နောက်တဆင့်ကို တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။  ဂျိုအာချင်လိုးရဲ့အသင်းဟာ လိဂ် A၊ အုပ်စု D ကို ၁ မှတ်အသာနဲ့ ဦးဆောင်ထားတာ ဖြစ်ပါတယ်။
2 years Ago
Up