close

ကမ္ဘာ့အကောင်းဆုံးဆု

close

January 18, 2022

ဖီဖာကမ္ဘာ့အကောင်းဆုံးဆုကို မက်ဆီနှင့်ဆာလက်ကို ကျော်ဖြတ်ပြီး လီဝန်ဒေါစကီး ထပ်မံရရှိ

မနေ့ညက ချီးမြှင့်ခဲ့တဲ့ ဖီဖာကမ္ဘာ့အကောင်းဆုံးဆုပေးပွဲမှာ ဘိုင်ယန်တိုက်စစ်မှူးလီဝန်ဒေါစကီးက မက်ဆီနဲ့ ဆာလက်တို့ကို ကျော်ဖြတ်ပြီး အကောင်းဆုံးကစားသမားဆုကို ၂ နှစ်ဆက်တိုက်ရရှိခဲ့ပါ တယ်။ 

ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ၂၀၂၁ ခုနှစ်အတွင်း ဘွန်ဒက်စ်လီဂါသွင်းဂိုး ၄၃ ဂိုးရှိခဲ့ပြီး ၁၉၇၂ ခုနှစ်က ဂတ်မူလာရဲ့ တစ်နှစ်အတွင်း ဂိုးအများဆုံးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ 

အကောင်းဆုံးအမျိုးသမီး ကစားသမားဆုကိုတော့ ဘာစီလိုနာနဲ့အတူ ဆုဖလားသုံးလုံး ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် ပူတဲလ်လက်စ်က ရရှိခဲ့ပါတယ်။ အကောင်းဆုံးနည်းပြဆုကို ချဲလ်ဆီးနဲ့ချန်ပီယံလိဂ်ဆု ဖလားရယူနိုင်ခဲ့တဲ့ နည်းပြတူချယ်က ရရှိပါတယ်။

အကောင်းဆုံးအမျိုးသမီးနည်းပြဆုကိုတော့ ချဲလ်ဆီနည်းပြ အမ်မာဟေးရက်စ်က ရရှိပါတယ်။ အကောင်းဆုံးဂိုးသမားဆုကို ချဲလ်ဆီးဂိုးသမားမန်ဒီက ရရှိခဲ့ပြီး အမျိုးသမီးဂိုးသမားဆုကိုတော့ လီယွန်ဂိုးသမားအန်ဒလာက ရရှိပါတယ်။ 

ဖီဖာဆုပေးပွဲမှာ အထူးဆုအနေနဲ့ နိုင်ငံတကာသွင်းဂိုးအများဆုံးသွင်းယူပြီး စံချိန်သစ်တင်နိုင်ခဲ့တဲ့ မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုကိုလည်း ဆုချီးမြှင့်ခဲ့ပါတယ်။ 

အကောင်းဆုံးဂိုးဖြစ်တဲ့ ပွတ်ရှ်ကတ်ဆုကိုတော့ အာဆင်နယ်ဘက်ကို ရာဘွန်နာကန်ချက်နဲ့ ဂိုးသွင်းခဲ့တဲ့ စပါးကစား မားဟောင်း လာမီလာက ရရှိပါတယ်။ 

အကောင်းဆုံးအသင်း ရွေးချယ်ရာမှာတော့ ၃-၃-၄ ပုံစံနဲ့ တိုက်စစ်မှူး ၄ ဦးအထိ ရွေးချယ်ခဲ့ပါတယ်။ ဂိုးသမားနေရာမှာ ဒွန်နာရမ်မာ၊ နောက်တန်းမှာ ဘူနူချီ၊ ရူဘင်ဒီယက်ဇ် နဲ့ အလာဘာ၊ ကွင်းလယ်မှာ ယော်ဂင်ညို၊ ကန်တေနဲ့ ဒီဘရိုင်း၊ တိုက်စစ်မှာ စီရော်နယ်ဒို၊ မက်ဆီ၊ လီဝန်ဒေါစကီးနဲ့ ဟာလန်းတို့ ရွေးချယ်ခံခဲ့ရပါတယ်။

5 mins Ago

October 10, 2021

ကမ္ဘာ့အကောင်းဆုံးဆုအတွက် ဆုဖလားအောင်မြင်မှုက အခရာကျဟု မက်ဆီ သုံးသပ်

ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက် တစ်ဦးချင်း ခြေစွမ်းထက် အသင်းလိုက်ရရှိတဲ့ ဆုဖလားအောင်မြင်မှုက ပိုပြီးအခရာကျလာတယ်လို့ ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီက သုံးသပ်ပါတယ်။

ပြင်သစ်ဘောလုံးမဂ္ဂဇင်းကချီးမြှင့်မယ့် ဘလွန်းဒီအော ရွှေဘောလုံးဆုအတွက် ဆန်ခါတင် အယောက် ၃၀ စာရင်းထွက်ပေါ်လာအပြီးမှာ မက်ဆီက သုံးသပ်ခဲ့တာပါ။

ရွှေဘောလုံးဆုအတွက် နာမည်ကြီးဂျာနယ်လစ်တွေနဲ့ နိုင်ငံအသင်းနည်းပြနဲ့ အသင်းခေါင်းဆောင်တို့က မဲပေးရွေးချယ်သွားရမှာပါ။

မက်ဆီကတော့ ပီအက်စ်ဂျီအသင်းဖော်တွေဖြစ်တဲ့ နေမာနဲ့ ကီလီယန်အမ်ဘာပေတို့ကို ရွေးချယ်မှာဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောပါတယ်။

ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးရွေးလို့မရတာကြောင့် နောက်ထပ်ကစားသမားတွေထဲမှာတော့ ဘိုင်ယန်တိုက်စစ်မှူးလီဝန်ဒေါစကီးနဲ့ ရီးယဲလ်တိုက်စစ်မှူးဘင်ဇီမာတို့ဟာလည်း တစ်ဦးချင်း ခြေစွမ်းပြသနိုင်ခဲ့ကြတယ်လို့ မက်ဆီက ချီးကျူးပါတယ်။

အကောင်းဆုံးဆုရွေးချယ်ရာမှာ အရင်က တစ်ဦးချင်းခြေစွမ်းကို ပိုပြီးကြည့်လေ့ရှိပေမယ့် လက်ရှိအချိန်မှာတော့ အသင်းလိုက် ဆုဖလားအောင်မြင်မှုက အခရာကျလာပြီဖြစ်တယ်လို့ မက်ဆီက ပြောပါတယ်။

မက်ဆီဟာ အာဂျင်တီးနားနဲ့ ကိုပါအမေရိကဆုဖလားရယူနိုင်ခဲ့ပြီးနောက် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို  ၇ ကြိမ်မြောက် ရရှိဖို့ ရေပန်းစားနေပါတယ်။

3 months Ago
Up