close

ကမ္ဘာ့အကောင်းဆုံးအသင်း

close

October 31, 2022

လက်ရှိကမ္ဘာ့အကောင်းဆုံးအသင်းက ပြင်သစ်ဖြစ်ကြောင်း ဗင်နီစီယက်စ် သုံးသပ်

လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံးအသင်းက ပြင်သစ်အသင်းဖြစ်ကြောင်း ဘရာဇီးနဲ့ ရီးရဲလ် မက်ဒရစ်တောင်ပံ တိုက်စစ်မှူး ဗင်နီစီယက်စ်က ပြောပါတယ်။

လာမယ့် ကာတာကမ္ဘာ့ဖလားမှာ ဗိုလ်စွဲနိုင်ခြေရှိတဲ့ အသင်းတွေနဲ့ ပတ်သက်ပြီး SPORT bible နဲ့ အင်တာဗျူးမှာ ပြင်သစ်က လက်ရှိ ချန်ပီယံဖြစ်တာကြောင့် အကောင်းဆုံးအသင်းလို့ ပြောနိုင်ကြောင်း ဗင်နီစီယက်စ်က ပြောခဲ့တာပါ။

ချန်ပီယံဖြစ်နိုင်တဲ့အသင်းကို ခန့်မှန်းရခက်ပေမဲ့ ပြင်သစ် အသင်းက အကောင်းဆုံးအသင်းဖြစ်ကြောင်း၊ ဒါပေမဲ့ အပြောင်းအလဲတွေရှိနိုင်ပြီး  အာဂျင်တီးနား အသင်းကလည်း  အလွန်ကောင်းမွန်တဲ့ အသင်းဖြစ်ကြောင်း ဗင်နီစီယက်စ်က ပြောပါတယ်။

“လက်ရှိအချိန်မှာ ပြင်သစ်က အကောင်းဆုံးအသင်း ဖြစ်ပေမယ့် ပြိုင်ပွဲမှာ ပြောင်းလဲမှုတွေ အများကြီး ရှိနိုင်တယ်။ အာဂျင်တီးနားကလည်း တကယ်ကောင်းမွန်တဲ့ အသင်းဖြစ်ပြီး ဘရာဇီး၊ အင်္ဂလန်နဲ့ ဂျာမနီအသင်းတွေကလည်း ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနိုင်တဲ့ အသင်းတွေဖြစ်တယ်”လို့ ဗင်နီစီယက်စ်က သုံးသပ်ပါတယ်။

ဘရာဇီးအသင်းဟာ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားနောက်ပိုင်း ချန်ပီယံဆုနဲ့ ဝေးကွာနေပြီး လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အရေးပါတဲ့ ပြိုင်ပွဲဖြစ်ကြောင်း၊ ချန်ပီယံ ရနိုင်ခြေလည်းရှိကြောင်း ဗင်နီစီယက်စ်က ထည့်သွင်းပြောသွားပါတယ်။

4 mins Ago

December 15, 2020

ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးအသင်းတွင် ပီလီ၊ မာရာဒိုနာနှင့်အတူ မက်ဆီနှင့် ရော်နယ်ဒို ပါဝင်

ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ထုတ်ပြန်လိုက်တဲ့ ဘလွန်းဒီအောအိပ်မက်အသင်း Ballon d’Or Dream Team မှာ ပီလီနဲ့ မာရာဒိုနာတို့နဲ့အတူ ရော်နယ်ဒိုနဲ့ မက်ဆီတို့လည်း ရွေးချယ်ခံခဲ့ရပါတယ်။  အခုနှစ်မှာ ဘလွန်းဒီအောဆု ချီးမြင့်မယ့် အစီအစဉ် ဖျက်သိမ်းခဲ့ပေမယ့် ဘလွန်းဒီအော အိပ်မက်အသင်းကိုတော့ ရွေးချယ်ခဲ့တာပါ။ ဘလွန်းဒီအော အိပ်မက်အသင်းကို ကမ္ဘာတဝန်းက ဂျာနယ်လစ် ၁၇၀ ရဲ့ မဲပေးမှုနဲ့ ရွေးချယ်ခဲ့တာပါ။  ဂိုးသမားနေရာမှာ ရုရှားဂန္ထဝင်ဂိုးသမားကြီး ရာရှင်ကို ရွေးချယ်ခဲ့ပြီး သူက ၁၉၆၃ ခုနှစ်မှာ ဘလွန်းဒီအောဆု ရရှိခဲ့ဖူးပါတယ်။  ခံစစ် သုံးဦးနေရာမှာ  ကာဖူး၊ ဘက်ကင်ဘောင်ဝါနဲ့ မာဒီနီတို့ ရွေးချယ်ခံခဲ့ရပါတယ်။ ဂျာမနီ ဂန္ထဝင် ဘင်ကင်ဘောင်ဝါက ဘလွန်းဒီအော ၂ ကြိမ် ရယူခဲ့ဖူးပြီး  ဘလွန်းဒီအော ရယူဖူးတဲ့ တစ်ဦးတည်းသော နောက်ခံလူအဖြစ် လက်ရှိအချိန်အထိ မှတ်တမ်းတင်ထားဆဲ ဖြစ်ပါတယ်။  ကွင်းလယ်မှာတော့ လိုသာမားသီးယက်စ်၊ ဇာဗီ၊ ပီလီနဲ့ မာရာဒိုနာတို့ကို ရွေးချယ်ခဲ့ပါတယ်။ တိုက်စစ် သုံးဦးနေရာမှာ ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်နယ်ဒို၊ ပေါ်တူဂီအသင်း ခေါင်းဆောင် စီရော်နယ်ဒိုနဲ့ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီတို့ ရွေးချယ်ခံခဲ့ရပါတယ်။
2 years Ago
Up