ကမ္ဘာ့အရှည်ဆုံး မှန်ခင်းထားတဲ့တံတားကို ဗီယက်နမ်နိုင်ငံ၊ စန်လာမြို့မှာ မေ ၂၈ ရက်က အများပြည်သူအတွက် ဖွင့်လှစ်ပေးလိုက်ပါပြီ။
နဂါးဖြူလို့ နာမည်ပေးထားတဲ့ မှန်ခင်းတံတားဟာ ၂၀၇၃ ပေ ရှည်ပါတယ်။ တချိန်တည်းမှာ လူအယောက် ၄၅၀ ကို ထိန်းထားနိုင်ပြီး မီလီမီတာ ၄၀ ထူတဲ့ ထုတ်ချင်းခတ် မြင်ရတဲ့ မှန် ၃ လွှာနဲ့ တံတားအောက်ခြေကို ခင်းထားပါတယ်။
၄၉၂ ပေ နက်တဲ့ တောင်ကြားကို ဖြတ်ပြီး ၁၁၂၂ ပေ ရှည်တဲ့ ချောက်ကမ်းပါးကို ပတ်ရင်း တောင်ထိပ် ၂ ခုကို ဆက်သွယ် ချိတ်ဆက်ထားတဲ့ တံတားပါ။
တံတားဖွင့်ပွဲနေ့မှာ ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့ ကိုယ်စားလှယ် တက်ရောက်ပြီး အသိအမှတ်ပြု လက်မှတ်ကို လွှဲပြောင်းပေးအပ် ခဲ့ပါတယ်။
တရုတ်နိုင်ငံ၊ ကွမ်တုံပြည်နယ်အတွင်း ဆောက်လုပ်ထားတဲ့ အရှည် ၁၇၂၆ ပေ ရှိတဲ့ မှန်ပြားအခင်း တံတားဟာ ကမ္ဘာ့အရှည်ဆုံး မှန်ခင်းတံတားအဖြစ် အရင်က မှတ်တမ်းတင်ခံရဖူးပါတယ်။