close

ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်

close

May 26, 2022

ဂင်းနစ်စံချိန်ဝင် ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ် အသက် ၁၁၃ နှစ်ပြည့်တော့မည်

ဂင်းနစ် ကမ္ဘာ့စံချိန်မှာ ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်အဖြစ် ပြီးခဲ့တဲ့အပတ်က မှတ်တမ်းဝင်ခဲ့တဲ့ ဗင်နီဇွဲလားနိုင်ငံမှ ဟွမ်ဗီစန့်တီဖရက်ဇ်မိုရာဟာ မေ ၂၇ ရက် သောကြာနေ့မှာ အသက် ၁၁၃ နှစ် ပြည့်တော့မှာ ဖြစ်ပါတယ်။

ကျန်းမာရေးကောင်းမွန်ပြီး ခပ်ပြင်းပြင်း အာဂွာဒန်းတေး အရက်တခွက်ကို နေ့စဉ်သောက်သုံးတတ်တဲ့ ဖရက်ဇ်မိုရာမှာ မြေး ၄၁ ဦး၊ မြေးကမွေးတဲ့ မြစ် ၁၈ ဦး၊ မြစ်ကမွေးတဲ့ တီ ၁၂ ဦးရှိကြောင်း ဂင်းနစ်သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဘိုး ဖရက်ဇ်မိုရာဟာ သူ့အသက်အရွယ်ကြောင့် သွေးပေါင်ချိန် အနည်းငယ် မြင့်တက်တတ်တာနဲ့ အကြားအာရုံပြဿနာကလွဲလို့ ကျန်းမာရေးကောင်းမွန်ပြီး ဘာဆေးမှ မသောက်ရကြောင်း ဗင်နီဇွဲလားနိုင်ငံရှိ သူ့ရဲ့ဆရာဝန်က ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ တကိုယ်ရေသန့်ရှင်းရေးနဲ့ စားသောက်နေထိုင်မှုပုံစံ အမူအကျင့်ကြောင့် နောက်နှစ်တွေထိ အသက်ရှင်နေဦးမယ့်သူလို့ ထင်မြင်ကြောင်းလည်း ဆရာဝန်က ပြောပါတယ်။

စပိန်နိုင်ငံမှာ ၁၉၀၉ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က မွေးဖွားခဲ့တဲ့ ဆတ်တူနီနို ဖွန်တာဂါစီရာဟာ ဇန်နဝါရီလတုန်းက အသက် ၁၁၂ နှစ်နဲ့ ၃၄၁ ရက်မှာ ကွယ်လွန်သွားခဲ့ပြီးနောက်မှာတော့ အဘိုး ဖရက်ဇ်မိုရာက ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ်။

2 mins Ago
Up