close

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွမ်ဆန်

close

January 5, 2022

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွမ်ဆန်ကို ကလေးမြို့ခံများ ဆန္ဒပြ

မြန်မာနိုင်ငံကိုလာရောကင်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ လာရောက်တွေ့ဆုံမယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်ဆန်ရဲ့ ဓာတ်ပုံကို စစ်ကိုင်းတိုင်း ကလေးမြို့ ပြည်သူတွေ ဇန်နဝါရီ  ၅ ရက်က မီးရှို့ဆန္ဒပြခဲ့ကြပါတယ်။

ကလေးမြို့ကပြည်သူတွေက “စစ်အာဏာရှင်နဲ့ ပူးပေါင်းသူမှန်သမျှ ဆန့်ကျင်ကြ” ဆိုတဲ့ ကြွေးကြော်သံပိုစတာတွေ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသလို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်ဆန်ရဲ့ ဓာတ်ပုံကိုလည်း မီးရှို့ခဲ့ကြပါတယ်။ 

ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ အာဏာရှင်အချင်းချင်း အကျိုးစီးပွား မြှင့်တင်ရေး ခရီးစဉ်လို့ NUG ရဲ့အာဆီယံ သံအမတ်ကြီးနဲ့ နိုင်ငံရေး အကဲခတ်သူတွေက သုံးသပ်ထားပါတယ်။ 

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟာ မြန်မာပြည်ကို ဇန်နဝါရီ ၇ ရက်နေ့ လာရောက်မှာဖြစ်ပြီး ခရီးစဉ်က နှစ်ရက်ကြာမြင့်မှာဖြစ်ပါတယ်။ 

7 mins Ago
Up