close

ကမ်းပြို

close

September 25, 2021

ပခုက္ကူမြို့နယ်တွင် ကမ်းပြိုသဖြင့် နေအိမ် ၃၀ ရွှေ့ပြောင်း

မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ စက်တင်ဘာ ၂၄ ရက်က ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပြိုကျတာကြောင့် နေအိမ် ၃၀ လောက် ဘေးလွတ်ရာ ရွှေ့ပြောင်းထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျွန်းညိုကျေးရွာနဲ့ ရွာသစ်ကျေးရွာတွေမှာ ကမ်းပြိုတာကြောင့် နေအိမ် ၃၀၊ လူဦးရေ ၁၀၀ ကျော် ဘေးလွတ်ရာရွှေ့ပြောင်းထားရတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

နေအိမ်တွေကို အရေးပေါ်ရွှေ့ပြောင်းနေကြရတာကြောင့် စားဝတ်နေရေး အခက်အခဲတွေ ဖြစ်ပေါ်နေပြီး ဘယ်အဖွဲ့စည်းကမှ အကူအညီ မရသေးတာကြောင့် အကူညီတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။

1 hour Ago

August 23, 2021

စဉ့်ကူးနှင့်မတ္တရာမြို့နယ်တို့တွင် ကမ်းပြိုမှုကြောင့် လူနေအိမ် ၁၆ လုံး ပြောင်းရွှေ့ခဲ့ရ

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်တို့မှာ ကမ်းပြိုမှုကြောင့် လူနေအိမ် ၁၆ လုံး ပြောင်းရွှေ့ခဲ့ရတယ်လို့ မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

သြဂုတ် ၂၀ ရက်က စဉ့်ကူးမြို့နယ်၊ ဟင်္သာဖိုကျေးရွာနဲ့ မြေနုကျေးရွာတို့မှာ လူနေအိမ် ၇ လုံး၊ အိမ်ထောင်စု ၇ စု နဲ့ သြဂုတ် ၂၁ ရက်က မတ္တရာမြို့နယ်၊ ဆင်ကျွန်းကျေးရွာနဲ့ အေးကျွန်း‌ကျေးရွာတို့မှာ လူနေအိမ် ၉ လုံး၊ အိမ်ထောင်စု ၉ စု ပြောင်းရွှေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနက စဉ့်ကူးမြို့နယ်က အိမ်ထောင်စု ၇ စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေနဲ့ လူဦးရေ ၃၃ ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ စုစုပေါင်း ၇၆၉,၃၀၀ ကျပ်ကို ထောက်ပံပေးခဲ့ပါတယ်။

ဒါအပြင် မတ္တရာမြို့နယ်မှာ အိမ်ထောင်စု ၉ စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေနဲ့ လူဦးရေ ၃၉ ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ စုစုပေါင်း ထောက်ပံ့ငွေ ၉၆၁,၉၀၀ ကျပ်ကို ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

1 month Ago
Up